၂၇ မေ ၂၀၂၄

နစက ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့အား တာဝန်မှအနားယူခွင့်ပြုလိုက်တယ်လို့ နစကက အမိန့်ထုတ်ပြန်ကြေညာပါတယ်။

ယနေ့ မေလ ၂၇ ရက် ရက်စွဲဖြင့် နစကရဲ့ အမိန့်အမှတ် ၃၈/၂၀၂၄ နှင့် ၃၉/၂၀၂၄ တို့ဖြင့် အဆိုပါ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ကို တာဝန်မှအနားယူခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးဟာ မြန်မာအထူးစီးပွားရေးဇုန်များကို တာဝန်ယူဆောင်ရွက်ရတဲ့ ပြည်ထောင်စုဝန်ကြီး ဖြစ်ပါတယ်။

@ymg/knl