#Local_News
Published 25 May 2024


▪️ ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ရှိ ကန်သာယာရေကန်၌ ‌ငါးအမြောက်အများသေဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။

 

▪️ ကန်သာယာကန်အတွင်း၌ ငါးထောင်ချီသေဆုံးနေပြီး‌ အနီးနေသူများမှလာရောက်၍ ယူဆောင်သွားကြောင်း သိရသည်။

 

▪️ "ကန်သာယာကန်ထဲမှာမနက်က ငါးတွေအများကြီးေ-သတာ ငါးတွေကအများကြီးပဲကန်ကြပ်လို့သေတာနဲ့တူပါတယ် ၊ ငါးကြင်းတွေကောတီလားဗီးယားတွေကော၊ သက်တမ်း‌ေ-စ့လို့‌ေ-သတာလဲပါတယ်နဲ့တူတယ် လာဆယ်ကြတာပဲ၊ ဒီဘက်ကလူတွေဈေးတော့ ရောင်းလဲရောင်းမှာပေါ့၊ အများစုကတော့မရှိတဲ့သူတွေစားချင်တဲ့သူတွေဆီလိုက်ရောင်းကြတာပဲ၊‌ေ-သပြီး သားငါးဆိုတော့မစားကြတာများပါတယ်၊ အဲ့ဒီကန်ကရပ်ကွက်ကရေဆိုးရေညစ်တွေစီးဝင်တာတော့ဟုတ်တယ်၊ အခုမိုးမရွာသေးတော့ မဝင်သေးပါဘူး " ဟုဒေသခံတစ်ဦးကပြောသည်။

 

▪️ အဆိုပါ ရေကန်အတွင်း၌ ယမန်နှစ်ကလည်းငါးအချို့‌ေ-သဆုံးမှုများရှိခဲ့သော်လည်အနည်ငယ်သာဖြစ်ကြောင်း သိရသည်။

 

▪️ ကန်သာယာရေကန်သည်မြို့လယ်၌တည်ရှိပြီး ရပ်ကွက်များမှရေဆိုး၊ ရေညစ်များစီးဝင်သည့်ကန်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

 

#YMG/ NN #Yangon_Times