#Local_News
Published_ 25 May 2024


▪️ မိုခါမုန်တိုင်းနည်းတူ ယခုဆိုက်ကလုန်းမုန်တိုင်းအတွက်လည်းသက်ဆိုင်ရာပြည်နယ်နှင့်တိုင်းအစိုး ရအဖွဲ့များက ကြိုတင်သတိပေးမှု၊ လိုအပ်သည့် ပြင်ဆင်မှုအချို့နှင့် ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ထားကြရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နစကဒုဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကမှာကြားထား‌ကြောင်း သိရသည်။

 

▪️ အဆိုပါလိုအပ်ချက်များကို အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်း အဝေး (၁/၂၀၂၄) တက်ရောက်ရင်းမှာကြားခဲ့ခြင်းဖြစ်သည်။

 

▪️နစကဒုဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက "ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ကြိုတင်ခန့်မှန်းလျက် အဝါရောင်အဆင့် သတ်မှတ်ထုတ်ပြန်ထားသည့် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှ အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲလျက် မေလ ၂၆ ရက်ပတ်ဝန်းကျင်တွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဝင်ရောက်နိုင်မှု၊ မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအပါအဝင် ကမ်းရိုးတန်းဒေသတစ်လျှောက် မုန်တိုင်းအန္တရာယ် သတိပေး ချက်များလည်း ရှိနေကြောင်း၊

 

▪️ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့များကလည်း ကြိုတင်သတိပေးမှု၊ လိုအပ်သည့် ပြင်ဆင်မှုအချို့နှင့် ဇာတ်တိုက်လေ့ကျင့်မှုတို့ကိုလည်း မိုခါမုန်တိုင်းနည်းတူ ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ မုန်တိုင်းဝင်ရောက်မှုမရှိသော်လည်း မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်ခြင်း၊ ကမ်းရိုးတန်းဒေသတစ်လျှောက် မိုးကြီးခြင်း၊ လေပြင်းကျရောက်ခြင်းနှင့် နောက်ဆက်တွဲ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်လာနိုင်သည်ကိုလည်း ကြိုတင်သုံးသပ်လျက် ပြင်ဆင်ခြင်း၊ ဒေသခံများအား စဉ်ဆက်မပြတ်သတိပေးခြင်း ပြုလုပ်ရန် လိုအပ်ကြောင်း "ပြောကြားခဲ့သည်။

 

▪️ ယင်းအပြင် အာဆီယံဒေသအတွင်းတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ AHA Center မှ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ဇန်နဝါရီလမှ မေလအထိ နှိုင်းယှဉ်ချက်များကို ပြုစုထားရာတွင် ၂၀၂၃ ခုနှစ် အတွင်း မြေငလျင်လှုပ်ရှားမှု၊ ရေကြီးရေလွှမ်းမိုးမှု၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲမှု စုစုပေါင်း ၈၂၉ ကြိမ် ဖြစ်ပွားခဲ့ပြီး

 

 ▪️ ၂၀၂၄ ဇန်နဝါရီလမှ မေလအထိ (၅) လတာကာလအတွင်း ၅၃၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနှိုင်းယှဉ်ချက်များကို ကြည့်မည်ဆိုပါက သဘာဝဘေး အန္တရာယ်ဖြစ်ပွားမှုကြိမ်နှုန်းများ ပိုမိုများပြားလာသည်ကို တွေ့ရှိရကြောင်း၊ 

 

▪️ ဘေးသင့်အန္တရာယ် ဖြစ်ပွားမှုကြောင့် ထိခိုက်ဆုံးရှုံးမှုမှာ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၄၂ ဒသမ ၄ သန်းဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ဇန်နဝါရီလမှ မေလအထိ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း ပျက်စီးဆုံးရှုံးသည်ကို တွေ့ရကြောင်း၊ 

 

▪️ သဘာဝလွန်ဘေးအန္တရာယ်ဆိုင်ရာ နှိုင်းယှဉ်ဇယားအရ ဆိုးကျိုးအဖြစ်ဆုံးမှာ ရေဘေးအန္တရာယ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း မကြာမီတွင် မိုးရာသီကို ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့‌ကြောင်း သိရသည်။

 

#tthl #Yangon_Times