#Local_News
Published 25 May 2024


▪️ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဒရယ်ဖိုကျေးရွာ၊ ရန်ကုန်-ပဲခူးလမ်းမကြီးဘေး၊ တိုးဂိတ်အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကာ အမျိုးသား တစ်ဦး ‌ေ_သဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

 

▪️ မေလ ၂၅ရက် မနက် ၄နာရီခွဲခန့်က ဖြစ်ပွားခဲ့ကာ ယာဉ်တိုက်မှုကြောင့် ကားအတွင်းလူညှပ်နေသဖြင့် လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

 

▪️ အဆိုပါ ယာဉ်တိုက်မှုကြောင့် အမျိုးသား (၃)ဦးအနက် အမျိုးသား(၁)ဦး(သေဆုံး)ကာ အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)နှင့် နောက်ထပ် အမျိုးသား(၁)ဦးမှာ ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အ‌ခြေနေရရှိခဲ့ကြောင်း သိရသည်။

 

▪️ ယင်းထိခိုက်ဒဏ်ရာရရှိသူများကို MEDICAL လူငယ်များလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#YMG/LW #Yangon_Times