၂၅ မေ ၂၀၂၄

မေလ ၂၆ ရက်ပတ်ဝန်းကျင်တွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဝင်ရောက်နိုင်မှု၊ မုန်တိုင်းအရှိန်ကြောင့်ဖြစ်ပေါ်လာနိုင်  သည်များကို ကြိုတင်သတိပေးခြင်း၊ပြင်ဆင်ခြင်းနှင့်ဇာတ်တိုက်လေ့ကျင့်ခြင်းတွေဆောင်ရွက်ကြဖို့ ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်းက မှာကြားပါတယ်။

မေလ၂၄ရက်က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပတဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၁/၂၀၂၄)တွင် အမျိုးသားသဘာဝ    ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားရာတွင် ထည့်သွင်းမှာကြားခဲ့တာဖြစ်ပါတယ်။

မုန်တိုင်းဝင်ရောက်မှုမရှိသော်လည်း မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်ခြင်း၊ ကမ်းရိုးတန်းဒေသတစ်လျှောက် မိုးကြီးခြင်း၊ လေပြင်းကျရောက်ခြင်းနှင့် နောက်ဆက်တွဲ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်လာနိုင်သည်ကိုလည်း ကြိုတင်သုံး  သပ်လျက် ပြင်ဆင်ခြင်း၊ ဒေသခံများအား စဉ်ဆက်မပြတ်သတိပေးခြင်း ပြုလုပ်ရန် လိုအပ်တယ်လို့ ဒုတိယဗိုလ်ချူပ်မှူးကြီးက ပြောပါတယ်။

သဘာဝဘေးအန္တရာယ်ကို မည်သူမျှတားဆီး၍မရသည့်အတွက် မိုခါမုန်တိုင်းအပါအဝင် ယခင်ဖြစ်ပွားခဲ့သည့် အတွေ့အကြုံ  များကိုသင်ခန်းစာရယူပြီးကြိုတင်ကာကွယ်ခြင်း၊ပြင်ဆင်ခြင်း၊ဇာတ်တိုက်လေ့ကျင့်ခြင်း၊ဖြစ်ပွားချိန်တွင်အရေးပေါ်ကူညီကယ် ဆယ်ရေးနှင့်တုံ့ပြန်မှုဆောင်ရွက်ခြင်းနှင့်ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ သတ်မှတ် လုပ်ငန်းစဉ်   များအလိုက် လျင်မြန်စွာ ဆောင်ရွက်သွားကြဖို့ ဒုတိယဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းမှာကြားခဲ့ကြောင်း နစကသတင်း   ထုတ်    ပြန်ချက်မှာဖော်ပြထားပါတယ်။

အစည်းအဝေးတွင် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒေါက်တာ  စိုးဝင်းတို့က သဘာဝဘေးအန္တရာယ်မကျရောက်မီ အသိပညာပေးခြင်းလုပ်ငန်းစဉ်များနှင့် ကျရောက်လာပါက တုံ့ပြန်ရေး၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိမှုများကို တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်  ဝန်ကြီးချုပ်များက ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့တယ်လို့သိရှိရပါတယ်။

@ymg/knl