၂၄ မေ ၂၀၂၄

မကွေးတိုင်းဒေသကြီးတွင် ကျေးရွာတစ်ရွာ သစ်တောသစ်ပင် အနည်းဆုံး (၂)ဧကစီစိုက်ပျိုးကြရန်ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က မကွေးတိုင်းဒေသကြီးတာဝန်ရှိသူတွေကို မှာကြားပါတယ်။

နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား မေလ ၂၄ရက် မွန်းလွဲပိုင်းတွင် မကွေးမြို့ ၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားရာမှာ ယခုလိုထည့်သွင်းပြောကြားခဲ့တာ ဖြစ်တယ်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ အချို့မြို့နယ်များသည် ကမ္ဘာ့အပူဆုံးမြို့များစာရင်းအတွင်း၌ ပါဝင်သည်ကိုတွေ့ရ  ကြောင်း၊ အပူရှိန်လျှော့ချရေးနှင့် ရာသီဥတုကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရန်မှာ သစ်ပင်စိုက်ပျိုးခြင်းပင် ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးကပြောဆိုကြောင်း နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြို့၊ ရွာများအလိုက် သစ်တောသစ်ပင် စိုက်ပျိုးရန်မြေနေရာများကို စိစစ်ဖော်ထုတ်ရန်လိုကြောင်း၊ သက်ဆိုင်ရာ

ဝန်ကြီးဌာန တစ်ခုတည်းသာမက အခြားဝန်ကြီးဌာနများနှင့် ဒေသခံပြည်သူလူထုတို့အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာလျင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် အပူဒဏ်လျှော့ချရေးလုပ်ငန်းများကို အောင် မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။

ထို့ပြင်ရာသီဥတုပြင်းထန်သည့်ကာလများ၌ သက်ကြီးရွယ်အိုများ၊ျန်းမာရေး အားနည်းသူများအနေဖြင့် အပူဒဏ်ရှောင်နိုင်ရေးအတွက် အပူဒဏ်ကိုခံနိုင်မည့် အဆောက်အဦများဆောက်လုပ်ဆောင်ရွက်နိုင်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။

လူဦးရေ အများအပြားဝင်ရောက်နိုင်ပြီး အေးချမ်းစွာခေတ္တနားခိုနိုင်မည့် အတွင်းလှိုဏ်ပါစေတီပုထိုးများ တည်ထား ကိုးကွယ်ခြင်းအားဖြင့် ကုသိုလ်လည်း ရရှိနိုင်မည်ဖြစ်ကြောင်း၊ နေရောင်ခြည်ကို အသုံးချ၍ ဆိုလာစွမ်းအင်သုံး လေအေးပေးစနစ်များတပ်ဆင်ခြင်းဖြင့်လည်း အပူဒဏ်ကို ကျော်လွှားနိုင်မည်ဖြစ်သဖြင့် စဉ်းစားဆောင်ရွက်သင့် တယ်လို့လည်း နစက ဥက္ကဋ္ဌက ဥပမာပေးပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထို့အပြင် ဗိုလ်ချူပ်မှူးကြီးသည် မကွေးတိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊မွေးမြူရေ၊ပညာရေးနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေကိစ္စစသည်တို့ကိုလည်း ဆက်လက်ဆွေးနွေးပြောကြားခဲ့ပါတယ်။

အဆိုပါအခမ်းအနားတွင် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများနှင့်မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဒေသဖွံ့ဖြိုးရေးကိစ္စများကို တင်ပြခဲ့ကြပါတယ်။

အဲဒီနောက် ဗိုလ်ချုပ်မှူးကြီး၊ဇနီးဒေါ်ကြူကြးလှနှင့် အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့၊ သာသနာ့ဗိမာန်  တော်  ဆောက်လုပ်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါတယ်။

အဆိုပါတွေ့ဆုံပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ဒေါက်တာ ချာလီသန်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။

@ymg/knl