#Local_News
Published_ 23 May 2024


▪️ ပြီးခဲ့သည့်အပတ်များက ကိုဗစ်ပိုးတွေ့သူ(၁၀၀) အောက်ရှိခဲ့ရာမှ မေလ(၁၂)ရက်မှမေလ(၁၉)ရက် အ‌တွင်းတွင် ကို‌ဗစ်ပိုးတွေ့သူ(၁၁၀)ဦးအထိရှိလာ ကြောင်းကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

 

▪️ ကိုဗစ်ပိုးတွေ့ရှိမှုတွင် ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး ကို‌ဗစ်ပိုးတွေ့သူ(၁၁၀)အနက် (၈၃)ဦးမှာ ရန်ကုန်တိုင်းတွင်း ‌နေထိုင်သူများဖြစ်သည် ဟုဆိုသည်။

 

▪️ မြို့နယ်အလိုက် ကို‌ဗစ်ပိုးတွေ့ရှိမှုအများဆုံး မြို့နယ်သည် မင်္ဂလာဒုံမြို့နယ်ဖြစ်ပြီး ကိုဗစ်ပိုး‌တွေ့သူ (၄၆)ဦးအထိရှိကာ  မကွေး၊ မင်းဘူးမြို့နယ်တွင် ၈ဦး၊ ရန်ကုန်တိုက်ကြီးမြို့နယ်တွင် (၆)ဦးတို့ တွေ့ရခြင်းဖြစ်သည်။

 

▪️ မကြာမီမိုးဦးရာသီရောက်တော့မည်ဖြစ်ပြီး တစ်ကျော့ပြန်ကို‌ဗစ်ရောဂါများမဖြစ်ပွားအောင် သတိပြုကာကွယ်ကြရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

 

#tthl #Yangon_Times