#Local_News
Published 23 May 2024


▪️ ၂၀၂၄ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို မေလ ၂၀ရက်မှစတင် ချေးငွေထုတ်ပေးနေပြီဖြစ်သောကြောင့် ယခင်ကြွေးကျန်ကင်းရှင်းသည့် တောင်သူများ အနေဖြင့် သက်ဆိုင်ရာခရိုင် / မြို့နယ် ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက်သွယ် နိုင်ပြီ ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မေလ၂၃ရက်တွင် အသိပေးကြေညာထားသည်။

 

▪️ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် အနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရာသီအလိုက်ထုတ်ချေးပေးလျက်ရှိရာ တောင်သူကြီးများ အနေဖြင့် အချိန်စေ့ချေးငွေ ပြေကျေမှသာ(ယခင်ကြွေးကျန်ကင်းရှင်းမှသာ)ချေးငွေအသစ်ကို ထုတ်ချေးခွင့်ရရှိမှာဖြစ်ပြီး အခြားနှစ်တို၊ နှစ်လတ်ချေးငွေများကိုလည်း သတ်မှတ်စည်းကမ်းချက်နှင့်အညီ ထုတ်ချေးခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ၂၀၂၄ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ယခင်နှစ်များ အတိုင်းတစ်နှစ်လျှင် အတိုးနှုန်း ၅ရာခိုင်နှုန်းဖြင့် မေလ၂၀ရက်မှ စတင်၍ သက်ဆိုင်ရာခရိုင်နှင့်မြို့နယ်ဘဏ်ခွဲများကတစ်ဆင့် ထုတ်ချေးပေးနေကြောင်း သိရသည်။

 

▪️ထို့ကြောင့် ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို တောင်သူလယ်သမားဦးကြီးများ အချိန်မီရရှိစေရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သက်ဆိုင်ရာခရိုင်မြို့နယ်ဘဏ်ခွဲများကို အမြန်ဆုံးဆက်သွယ်နိုင်ပြီ ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

 

#YMG/LW #Yangon_Times