#Local_News
Published 23 May 2024

▪️ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်နေသည့် ကျန်စစ်မင်းအိမ်ရာနှင့် ယုဇနအိမ်ရာ စီမံကိန်းများရှိ အဆောက်အအုံ (၂၆)လုံးအတွက် တင်ဒါခေါ်ယူနေကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

▪️ ထိုသို့ခေါ်ယူရာတွင်  လှိုင်သာယာမြို့နယ် ကျန်စစ်မင်းအိမ်ရာစီမံကိန်း အပိုင်း (၁)၊ အပိုင်း(၂)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ယုဇနအိမ်ရာစီမံကိန်းအပိုင်း (၃)တို့တွင် အိမ်ရာအဆောက်အအုံ (၂၆) လုံးလုပ်ငန်းတည်ဆောက်ခြင်းလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါများခေါ်ယူထားခြင်း ဖြစ်သည်။

 

▪️ အဆိုပါ အိမ်ရာစီမံကိန်းများအတွက်တင်ဒါလျှောက်လွှာပုံစံများကို မေလ၊ (၂၃)ရက်  မှ ဇွန်လ (၇)ရက်အထိ ဝယ်ယူနိုင်ပြီး ဇွန်လ (၁၀)ရက် ညနေ  (၃)နာရီတွင် တင်ဒါနောက်ဆုံးတင်သွင်းရမည်ဖြစ်ကြောင်း၊စိတ်ဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရုံးအမှတ် (၄၀) နေပြည်တော်တွင် ပုံစံများဝယ်ယူတင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times