#Local_News
Published_ 23 May 2024

▪️ ယခုနှစ်တွင်  FIFA-MFF TDS Scouting Program  ဖြင့်နယ်ဒေသအသီးသီးမှ ဘောလုံးအကယ်ဒမီ ကျောင်းသို့တက်ရောက်ခွင့်‌သောလူငယ်ဘောလုံးသမား(၉၀)ဦးရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

 

▪️ လူငယ်ဘောလုံး ဖွံ့ဖြိုးရေး နည်းစနစ်ဒါရိုက်တာ ဂျပန်နည်းပြ မစ္စတာ မိတနှင့် ရွေးချယ်ရေး အဖွဲ့များသည် မြစ်ကြီးနား၊ တောင်ကြီး၊ မန္တလေး၊ ပဲခူး၊ ပုသိမ် နှင့် ရန်ကုန် မြို့များတွင် မေလ ၄ ရက်မှ စတင်ကာ FIFA-MFF TDS Scouting Program ပဏာမ အဆင့် ၊ အပြီးသတ်အဆင့်ရွေးချယ်ရေး အစီအစဉ်များအား စတင်ခဲ့ခြင်းဖြစ်သည်။

 

▪️ပဏာမ ရွေးချယ်ရေး အစီအစဉ်များအရ ရန်ကုန်-၄၃၂ဦး၊ မန္တလေး-၃၂၀ ဦး၊ တောင်ကြီး-၁၉၆ ဦး၊ မြစ်ကြီးနား-၁၅၀ ဦး၊  ပုသိမ်-၅၉ ဦး၊ ပဲခူး ၄၈ ဦး စုစုပေါင်း ၁၂၀၅ ဦးလာရောက်ရွေးချယ်မှုခံယူခဲ့ကြသည်။ 

 

▪️ အဆိုပါ လူငယ် ကစားသမားများအား  ပဏာမ အဆင့်၊ အပြီးသတ်အဆင့် ရွေးချယ်မှုများ ပြုလုပ်ခဲ့ကြပြီး‌ မန္တလေးဘောလုံးအကယ်ဒမီ ကျောင်းတွင် ၅၇ဦး ရန်ကုန် ဘောလုံးအကယ်ဒမီကျောင်းတွင် ၃၃ဦး စုစုပေါင်း(၉၀)ဦးတက်ရောက်ခွင့်ရခဲ့သည်ဟုဆိုသည်။

 

▪️ အောင်စာရင်းတွင် ပါရှိသော ကျောင်းသားများ အနေဖြင့် ၂၉ မေ ၂၀၂၄ ရက်နောက်ဆုံးထား၍ မိမိတက်ရောက်ရမည် အကယ်ဒမီများသို့ မူရင်းအထောက်အထား စာရွက်စာတမ်းများနှင့်တကွ လာရောက်သတင်းပို့ရမည် ဖြစ်ကြောင်း သိရသည်။

 

▪️ ဘောလုံးအကယ်ဒမီကျောင်းတက်ရောက်ခွင့် ရသူများသည် ဘောလုံးပညာရော အတန်းပညာပါ အခမဲ့သင်ကြားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

#tthl #Yangon_Times