Published_22 May 2024

ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းပွဲတော် အား တိုင်းဒေသကြီးနှင့်ပြည် နယ်အသီးသီးတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်ယနေ့တွင်ကျရောက်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မာရဝိ ဇယ ဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ညနေပိုင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က မဟာဗောဓိညောင် ပင်တော်အား အမွှေးနံ့သာရည်များ ပက်ဖျန်း ပူဇော်ကာ ညောင်ရေသွန်းလောင်းပူ ဇော်ကြ ကာ မဟာဗောဓိ ညောင်ပင်တော်ရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်များအား ရေသပ္ပါယ်တော်မူကြပြီး မဟာဗောဓိ ညောင်ပင်တော်အား လက်ယာရစ် လှည့်လည်ပူဇော်ကြကြောင်းလည်း သိရသည်။

ယင်းနောင် ယနေ့ မေလ ၂၂ ရက် ညပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မာရဝိဇယ ဗုဒ္ဓဥယျာဉ် တော်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်၌ ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့ ဓမ္မသဘင် မင်္ဂလာ အခမ်းအနားကို ဆင်ယင်ကျင်းပခဲ့ကြောင်း လည်း သိရသည်။

အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇ မဟာရဋ္ဌ ဂုရု အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိကဗဟုဇန ဟိတဓရ သီတဂူ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ နှင့်အတူ နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့်ဇနီးဒေါ်သန်းသန်းနွယ်၊ ကောင် စီအတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီး များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီး များနှင့်ဇနီးများ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာ ကြီး များနှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဝတ်အသင်း အဖွဲ့များ တက်ရောက်နာယူ ကြည်ညိုကြကြောင်း သိရသည်။

ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ ဂေါတမမြတ်စွာ ဘုရားသာလျှင်မကဘဲ သဗ္ဗညု မြတ်စွာဘုရားရှင်တို့၏ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့၊ ပရိနိဗ္ဗာန် ပြုသောနေ့များမှာလည်း ကဆုန်လပြည့်နေ့ ပင်ဖြစ် ၍ ကဆုန်လပြည့်နေ့ကို “ဗုဒ္ဓနေ့”ဟု သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ကဆုန်ညောင်ရေသွန်းပွဲတော်သည် ကုသိုလ်ယူဖွယ်ရာ၊ ဝမ်းသာ ကြည်နူးဖွယ်ရာ ဘာသာရေးဆိုင်ရာပွဲတော် တစ်ခုဖြစ်သည့်အပြင် မြန်မာ့ယဉ်ကျေး မှု အမွေ အနှစ် တစ်ရပ်အဖြစ်ကျင်းပပြုလုပ်သည့် ပွဲတော်ဖြစ်ကြောင်းနှင့် ကဆုန်လပြည့်နေ့မတိုင်မီ တစ်ရက်အ လိုတွင် ညောင်ရေသွန်းလောင်းကြမည့် ညောင်ပင်များကို အမွှေးနံ့သာရေများ ပက်ဖျန်းပေးခြင်း၊ မဟာဗောဓိ ပင်ပလ္လင်တော်အား ကြည်ညိုစဖွယ်ဖြစ်အောင်ပြင်ဆင်ခြင်း စသည့်ကုသိုလ်ယူဖွယ်များကို ပြုလုပ်လေ့ရှိကြ ကြောင်း လည်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 22 May 2024
#Yangon_Times #YMG_News #Yangon_Media_Group