Published 22 May 2024

ရန်ကုန်ယူနိုက်တက် ယူ-၂၀ အသင်း၏ ရာသီကြိုခြေစမ်းပွဲအဖြစ်  သစ္စာအားမာန်အား ၂ဂိုး-ဂိုးပြတ်ဖြင့်အနိုင်ရခဲ့ကြောင်းYangon Unitedအသင်းမှ သိရသည်။

ယနေ့ မနက်ပိုင်းက Yangon United Sports Complex တွင်ရန်ကုန်ယူနိုက်တက် ယူ-၂၀ အသင်း၏ ရာသီကြိုခြေစမ်းပွဲအဖြစ်  သစ္စာအားမာန် ယူ-၂၀ နှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန် ယူ-၂၀ အသင်းက (၂-၁) ဂိုးဖြင့်အနိုင်ရခဲ့ခြင်းဖြစ်သည်။

ပထမပိုင်း၌ ခြေစမ်းပွဲများပိုကစားထားသည့်  သစ္စာအားမာန်အသင်းက ဖိဖိစီးစီးကစားနိုင်ခဲ့သော်လည်း ရန်ကုန်အသင်းက ဦးဆောင်ဂိုးစတင်ရရှိခဲ့ကြောင်း၊ ရန်ကုန်အသင်း၏ ဦးဆောင်ဂိုးကို (၄၁) မိနစ်တွင်  ရဲထွန်းနိုင် ကသွင်းယူပေးခဲ့ပြီး ရန်ကုန်အသင်းကပထမပိုင်းကို ဦးဆောင်နိုင်ခဲ့ ကြောင်းသိရသည်။

ဒုတိယပိုင်းတွင် နှစ်သင်းစလုံးအပြောင်းလဲများစွာနှင့်ယှဉ်ပြိုင်ကစားခဲ့ပြီး သစ္စာအားမာန်အသင်းအတွက် ချေပဂိုးကို (၇၃) မိနစ်တွင် သန့်ဇင်အောင် ကသွင်းယူခဲ့ပြီး ပွဲပြီးဆုံးခါနီးတွင် ရန်ကုန်အသင်းဦးဆောင်ဂိုးထပ်မံရရှိခဲ့ပြီး လူစားဝင်ကစားသမား နိုင်းလားက (၉၀) မိနစ်တွင်သွင်းယူပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 22 May 2024
#Yangon_Times #YMG_News #Yangon_Media_Group