Published_ 22 May 2024

ကဆုန်လပြည့်၊ဗုဒ္ဓနေ့ မေလ(၂၂)ရက်တွင် ကျေးဇူးတော်ရှင် ချမ်း‌မြေ့ဆရာတော်ဘုရားကြီးသည် ချမ်းမြေ့ရိပ်သာကျောင်း(အောင်ပန်းမြို့)တွင် ကဆုန်လပြည့်၊ ဗုဒ္ဓနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် သံဃာအပါး (၁၀၀) ဆွမ်းဆန် စိမ်းလောင်းလှူပွဲကျင်းပခဲ့ပြီး  ချမ်းမြေ့ရိပ်သာကျောင်း၀န်းအတွင်း၌  ကျင်းပပြုလုပ်ခဲ့သည်ဟုဆိုသည်။

"အောင်ပန်းမြို့ ချမ်းမြေ့ရိပ်သာကျောင်း ပြည်လုံးချမ်းမြေ့စေတီတော် ပထမအကြိမ် သံဃာအပါး(၁၀၀) ဆွမ်းဆန်လောင်းလှူပွဲကို မိုးထဲရေထဲမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်"ဟု ချမ်းမြေ့ရိပ်သာကျောင်းမှ သံဃာတော်တစ်ပါးက ‌မိန့်ကြား ဖော်ပြထားသည်။

ချမ်းမြေ့ရိပ်သာကျောင်း (အောင်ပန်းမြို့) တွင်ကျေးဇူးတော်ရှင် ချမ်း‌မြေ့ဆရာတော်ဘုရားကြီးသည်မေလ ၁၈ရက်မှ ၂၃ရက်အထိ သီတင်းသုံးနေထိုင်တော်မူမည်ဖြစ်၍ ကြွရောက်ကြည်ညိုဖူးမြော်နိုင်သည်ဟုဆိုသည်။

စင်္ကာပူနိုင်ငံရှိ ချမ်းမြေ့ရိပ်သာကျောင်းမှာလည်း ကဆုန်လပြည့် ဗုဒ္ဓနေ့ ဗုဒ္ဓပူဇနိယပွဲကျင်းပပြီး   အနေကဇာတင်မင်္ဂလာ၊အာမိသပူဇာ၊ဓမ္မပူဇာတွေနှင့်အတူ အန္တရာယ်ကင်း ပရိတ်တရားတော်များလည်းရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 22 May 2024
#Yangon_Times #YMG_News #Yangon_Media_Group