#Local_News
Published 21 May 2024


▪️ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ညောင်ရမ်းတောင်ရပ်ကွက်၊ ကုသိနာရုံလမ်းတွင် အမျိုးသားတစ်ဦးရေတွင်းထဲသို့ ပြုတ်ကျမှုဖြစ်ပွားကြောင်း ထားဝယ်မြို့နယ်မီးသတ်စခန်းမှ သိရသည်။

 

▪️ မေလ၂၁ရက် မနက်ဆယ်နာရီအချိန်ခန့် က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ထားဝယ်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်‌ပေးခဲ့ရာ ၁၀နာရီ၁၅မိနစ်အချိန်တွင် ရေတွင်းထဲသို့ ပြုတ်ကျသည့်အမျိုးသားအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါအမျိုးသားကို ဇမ္ဗူသီရိလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ထားဝယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့‌ကြောင်း သိရသည်။

 

#YMG/LW #Yangon_Times