Published 20 May 2024

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ဥပုသ်တော်ရပ်ကွက်၊ ၁၂ လမ်း၊ ၇၃ လမ်း x ၇၄ လမ်းကြား၊ ကျုံးမြောက်ပေါက်တံတားအနီး တွင် စိတ်ဝေဒနာရှင်အမျိုးသားတစ်ဦး ကျုံးထဲပြုတ်ကျပြီး ရေနစ်‌ေ-သဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မေလ၂၀ ရက် မနက် ၈နာရီ၄၅မိနစ် ခန့်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး အောင်မြေသာစံမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ရာ မနက် ၉နာရီ ၁၄မိနစ် တွင် ရေနစ်‌ေ_သဆုံးသူ အမျိုးသား၏ရုပ် အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။

အဆိုပါ ရုပ်အလောင်းကို စေတနာ မေတ္တာ ဂရုဏာ လူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့်မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 20 May 2024
#Yangon_Times #YMG_News #Yangon_Media_Group