Published 18 May 2024
ကွန်တိန်နာယာဉ် ငှားရမ်းခများ နှုန်းထားသစ်ဖြင့် မေ ၂၀ ရက်မှ စတင်၍ ကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်အသင်းမှ သိရသည် ။
လက်တလောတွင် တောင်းခံနေသည့် ငှားရမ်းခနှုန်းထားများမှာ ခေတ်ကာလအခြေအနေနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် ကွန်တိန်နာယာဉ်ငှားရမ်းခ နှုန်းထားများကို တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာ့စက်မှုဆိပ်ကမ်း(MIP)၊ Asia World ဆိပ်ကမ်း(AWPT)၊ သီလဝါဆိပ်ကမ်း(MITT) တို့မှ တိုက်ကြီးခရီးစဉ်သည် အခြားသောခရီးစဉ်/မြို့နယ်များနှင့် နှိုင်းယှဉ်ပါက သယ်ယူပို့ဆောင်ခအမြင့်ဆုံးဖြစ်ပြီး ပေ ၄၀ ယာဉ် ငှားရမ်းခအဖြစ် ၄၂၇,၀၀၀ မှ ၅၂၇,၀၀ ကျပ်၊ ပေ ၂၀ ယာဉ် ငှားရမ်းခအဖြစ် ၃၆၇,၀၀၀ မှ ၄၇၇,၀၀၀ ကျပ် သတ်မှတ်ထားကြောင်းသိရသည်။
ထို့အပြင် ပို့ဆောင်ခအနိမ့်ဆုံး ခရီးစဉ်အဖြစ် ဂန္ဒီ+ညောင်တန်း+ပုစွန်တောင်ဈေး+ဗိုလ်တထောင်ဖြစ်ပြီး ပေ ၄၀ ယာဉ် ငှားရမ်းခအဖြစ် ၂၄၅,၀၀၀ မှ ၃၂၅,၀၀ ကျပ်၊ ပေ ၂၀ ယာဉ် ငှားရမ်းခ ၁၈၅,၀၀၀ မှ ၂၇၅,၀၀၀ ကျပ် ရှိကြောင်းသိရသည်။
အဆိုပါ ပြင်ဆင်သတ်မှတ်လိုက်သည့် ငှားရမ်းခနှုန်းထားအသစ်များကို မေလ ၂၀ ရက်တွင် စတင်တောင်းခံသွားမည် ဖြစ်ပြီး လမ်း၊ တံတား၊ တိုးဂိတ်ကြေး၊ အခွံထုတ်၊ အခွံချ၊ အခွံအိပ်၊ အသားအိတ်၊ နေ့ကျော်ကြေးများ မပါဝင်ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group