Published_ 16 May 2024

  ရန်ကုန်တိုင်းသို့ပို့လွှတ်‌နေသည့် ဇောတိကသဘာဝဓာတ်‌ငွေ့ပိုက်လိုင်းယိုစိမ့်မှုဖြစ်၍ဓာတ်အား(55 MW) လျော့နည်းမည်ဖြစ်ကြောင်းရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)၏ထုတ်ပြန်ချက်အရသိရသည်။

ယင်းလိုအပ်ချက်ကို အလုံဓာတ်အားပေးစက်ရုံနှင့်သီလဝါဓာတ်အားပေးစက်နှင့် သာကေတဓာတ်အားပေးစက်များမှဓာတ်အားများဖြင့် တတ်နိုင်သ‌လောက်ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်သည်ဟုဆိုသည်။

ထုတ်ပြန်ချက်တွင် 
   ၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်‌ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ပို့လွှတ်လျှက်ရှိသည့် ဇောတိကသဘာဝဓာတ်‌ငွေ့ပိုက်လိုင်း ယိုစိမ့်မှု ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းအား ဘီးလင်းမြို့အနီးတွင် ယနေ့ (၁၅.၅.၂၀၂၄)ရက်နေ့မှ (၁၆.၅.၂၀၂၄)ရက်နေ့အထိ  (၂)ရက်ခန့် လုပ်ငန်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း

၂။       အဆိုပါ သဘာဝဓာတ်‌‌ငွေ့ပိုက်လိုင်း အရေးပေါ် ထိန်းသိမ်းပြုပြင်နေစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဇောတိကသဘာဝဓာတ်ငွေ့အား အသုံးပြုမောင်းနှင်လျှက်ရှိသည့် ဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပေးနိုင်မှု (55 MW) ခန့် လျော့နည်းနေမည်ဖြစ်ကြောင်း

၃။      လျော့နည်းသွားသည့် ဓာတ်အားထုတ်လုပ်ပို့လွှတ်မှုအစား နေ့ပိုင်းတွင် ရတနာသဘာဝဓာတ်‌ငွေ့အားအသုံးပြုမောင်းနှင်၍ အလုံဓာတ်အားပေးစက်ရုံမှ (22 MW) ခန့်ဖြင့်၎င်း၊ ညပိုင်းတွင် ဒီဇယ်အားအသုံးပြု၍  သီလဝါဓာတ်အားပေးစက်နှင့် သာကေတဓာတ်အားပေးစက်များမှ (50 MW) ခန့်ဖြင့် ၎င်း၊ ထုတ်လုပ်မောင်းနှင်၍ အတတ်နိုင်ဆုံး ဓာတ်အားလိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားထားကြောင်း သိရသည်။

ယင်းအပြင် ဗဟန်းမြို့နယ် YESCကလည်း (15.5.2024) ရက်နေ့ (23:00)နာရီအချိန်တွင် 66kV သာကေတ-ပုသိမ်ညွန့်-ကျိုက္ကဆံဖီဒါအား ဓာတ်အားစနစ်အတွင်း ဝန်အားထိန်းညှိမှုအရ

ဗဟန်းမြို့နယ်၏ 33kV ရွှေဂုံတိုင်ဓာတ်အားခွဲရုံတွင် ဓာတ်အားပြတ်တောက်နေမှုကြောင့်

ပုလဲကွန်ဒို (C, D, E, F), Rose Hill Tower, Ocean City Market, Globle News Light of Myanmar သတင်းစာတိုက်၊ သာသနာ့ရိပ်သာလမ်း အနည်းငယ်၊ ကမ္ဘာဇလမ်း၊ ရွှေတောင်ကြားရိပ်သာလမ်း၊ ကမ္ဘောဇရိပ်သာလမ်း၊ ကမ္ဘာအေးဘုရားလမ်း (ပုလဲကွန်ဒိုမှ နတ်မောက်လမ်းသွယ်(၁)အထိ)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ရွှေမင်းဝံသာသနာရိပ်သာလမ်း၊ အေးချမ်းသာယာလမ်း၊ ခြောက်ထပ်ကြီးဘုရား၊ ငါးထပ်ကြီးဘုရား၊ ဘဏ်ရိပ်သာ၊ Data Plaza၊ ရွှေဂုံတိုင် ဆက်သွယ်ရေးရုံး၊ ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက်၊ ရွှေဂုံရိပ်မွန် အိမ်ရာ၊ ရွှေဂုံပလာဇာအိမ်ရာ၊ 121 အိမ်ရာ၊ ဗိုလ်စိန်မှန်လမ်းအနည်းငယ်၊ ဗိုလ်ဗထူးလမ်း အနည်းငယ်၊ အနောက်မြင်းကွင်းလမ်း အနည်းငယ်၊ အောင်ချမ်းသာ အိမ်ရာ၊ ပြန်ကြားရေးဝန်ထမ်းအိမ်ရာ၊ SSCဆေးရုံ၊ ဥယျာဉ်လမ်း၊ ဆာဖိုးသာဝန်း၊ ကင်းဘဲလမ်း၊ ငါးထပ်ကြီးဘုရားလမ်း၊ ဒေါ်ခင်ကြည်ဆေးရုံ၊ တိုင်းရင်းဆေးရုံကြီး၊ ‌အင်ကြင်းမြိုင်အိမ်ရာတို့ ယာယီ ဓာတ်အားပြတ်တောက်လျှက်ရှိပါကြောင်း အသိပေး ပန်ကြားထားကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group