Published_ 15 May 2024

ရန်ကုန်တက္ကသိုလ်၌ စားသောက်ကုန်လုပ်ငန်းအတတ်ပညာ (Certificate in Food Technology) သင်တန်းကိုလာမည့် လအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒဌာနတွင် ဇွန်လ (၃) ရက်နေ့မှစတင်၍ (၃) လကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်‌ကြောင်း သိရပါသည်။

ယင်းသင်တန်းကို Grade (9) အောင်မြင်ပြီးသူများမှစတင်၍ လျှောက်ထားနိုင်ပြီးရန်ကုန်တက္ကသိုလ်ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် မေလ (၁၃) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း သင်တန်းအချိန်မှာ  မနက်ပိုင်း (၇) နာရီမှ (၉) နာရီအထိဖြစ်ပြီး သင်တန်းကြေးမှာ  တစ်သိန်းကျပ် ဖြစ်ကြောင်းသိရသည်။

သင်တန်းတွင် အစားအသောက်ထုတ်လုပ်ခြင်း၊ သိမ်းဆည်းခြင်း၊ ထုတ်ပိုးခြင်း၊ ဖြန့်ဖြူးခြင်းပညာရပ်တို့အပြင် အစားအစာဘေးကင်းမှု၊ အရည်အသွေးနှင့် အာဟာရလုံလောက်မှုတို့ကိုပါ သိရှိနားလည်စေရန် သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက Cerficate in Food Technology အောင်လက်မှတ်ကိုလည်း ရရှိမည်ဖြစ်ကြောင်းသိရသည်။
#Yangon_Times/NN
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group