Published_ 15 May 2024

ရှမ်းပြည်နယ် ၊ကျိုင်းတုံမြို့၊ ရှိ ‘နှင်းဆီ’ရွှေဆိုင် အမှတ်(၃)၌ယမာန်‌ နေ့က  ရွှေထည်ပစ္စည်းများ လုယက်ခံခဲ့ရပြီး လုယက်သူများအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာမေလ၁၄ ရက်နေ့ ညနေ  ၄နာရီ ၂၅မိနစ်အချိန်ခန့်က ကျိုင်းတုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ လွယ်မွေလမ်း၊ အမှတ်(၇၀)ရှိ နှင်းဆီရွှေဆိုင် အမှတ်(၃)သို့ SUBO အမျိုးအစား CLICK (ခရမ်းရောင်/နံပါတ်မပါ) ဆိုင်ကယ်(၁)စီးဖြင့် အမျိုးသား(၃)ဦး(စိစစ်ဆဲ)မှ  ‌ေ-နတ် (၂)လက် (စိစစ်ဆဲ)ကိုင်ဆောင် ရောက်ရှိလာ ပြီး CCTV ကင်မရာအား သေနတ်ဖြင့် (၆)ချက် ပစ်ခတ်ခဲ့‌ ကြောင်းသိရသည်။

ထို့နောက် ဆိုင်အတွင်းရှိ  ရွှေထည်ပစ္စည်းများထည့်ထားသည့် မှန်ပုံးအားတူဖြင့်ခွဲ၍ ဒင်္ဂါးနားကပ်(၁.၅)ဂရမ်ခန့်စီရှိ (၁၀၀)ခုကျော် တန်ဖိုး (စိစစ်ဆဲ)၊ အခေါက်နားကပ် (၃)ဂရမ်ခန့်စီရှိ (၁၀၀)ခု ကျော် တန်ဖိုး (စိစစ်ဆဲ)၊ ဆွဲသီး (၁)ကျပ်သားခန့်စီ ရှိ (၁၀)ခု တန်ဖိုး (စိစစ်ဆဲ)၊ ကလစ်(၀.၇)ဂရမ်ခန့်စီရှိ (၆၀)ခု တန်ဖိုး (စိစစ်ဆဲ)၊ ရွှေလက်ကောက် (၁) ဘတ်သားခန့်စီရှိ (၁၀)ကွင်း  တန်ဖိုး(စိစစ်ဆဲ)တို့အား လုယက်ယူဆောင်၍ ဆိုင်ကယ်ဖြင့် မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။

" ‌ရွှေဝယ်နေတဲ့သူတွေရှိနေတဲ့အချိန်လူသုံးယောက်ဝင်လာပြီး  ရွှေတွေကိုမှန်ထုခွဲ ယူသွားကြတာ၊သိပ်မကြာဘူး၊ပြန်မိတယ်၊ကြားပါတယ် " ဟုဒေသခံတစ်ဦး‌ကပြောသည်။

အဆိုပါ  ရွှေထည်ပစ္စည်းများ လုယက်သွားသူများအား ဖမ်းဆီးရမိနိုင်ရေးအတွက် မြို့ဝင်/ထွက် နေရာများ၌ ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့ရှာဖွေ ရေးများပြုလုပ်ခဲ့ရာ ညနေ၆နာရီ  အချိန်တွင် ကျိုင်းတုံမြို့နယ်၊ ဝမ်တာပင်း ပူးပေါင်းစစ်ဆေးရေးစခန်းသို့ 1I/1627 နံပါတ်တပ်ဆင်ထားသည့် CROWN အမျိုးအစား(အဖြူရောင်/လိုင်စင်စိစစ်ဆဲ)မော်တော်ယာဉ်ဖြင့်ရောက်ရှိလာသည့်မသင်္ကာဖွယ် အမျိုးသား (၃)ဦးအား တွေ့ရှိ၍ စိစစ်ခဲ့ရာအထက်ပါနှင်းဆီ ရွှေဆိုင်မှ ရွှေထည်ပစ္စည်းများ လုယက်သွားသူများဖြစ်၍ ဖမ်းဆီးချုပ်နှောင်ထားရှိပြီး ကျိုင်းတုံ (စရတ)သို့ ပို့ဆောင်ကာ စိစစ်မှုများပြုလုပ်မည်ဖြစ်ကြောင်း၊သိရသည်။

၎င်းတို့ထံတွင် GLOCKအမျိုးအစား ‌ေ-သနတ်(၂)လက်နှင့် ယင်းကျည်(၂၅)တောင့်ပါရှိကြောင်းနှင့် လုယက်သွားသူများမှာ

- AH TE THO(၂၈)နှစ်(ဘ)ဦးကကြဲ၊  ဖာသကျေးရွာ၊လွယ်မွေအုပ်စု၊ ကျိုင်းတုံမြို့နယ်

- မောင်ချူချီး(၂၃)နှစ်(ဘ)ဦးချူတားလော်ဟန်ကျိုင်းရွာ၊ ဆုံကန်အုပ်စု၊ ကုန်းကြမ်းမြို့နယ်

- မောင်ပေါက်(၂၈)နှစ်(ဘ)ဦးရှူးရန်၊  ဆဲဖယ်ကျေးရွာ၊ မိုက်ဟိုင်းအုပ်စု၊ မိုးနဲမြို့နယ် တို့ဖြစ်ကြောင်းသိရသည်။
#Yangon_Times/NN
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group