Published_ 15 May 2024

'နေပြည်တော်အလင်းစီမံချက်'ဖြင့် မြို့နယ်အသီး သီးမှညွှန်းပို့လာသည့်မျက်စိလူနာ(၂၇)ဦးကိုနေပြည်တော်ရှိဆေးရုံကြီးတွင်အခမဲ့ခွဲစိတ်ကုသ ပေးခဲ့ကြောင်းသိရသည်။

နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်- ၃၀၀)၌  နေပြည်တော်အလင်းစီမံချက်ဖြင့် မြို့ နယ်များမှ ညွှန်းပို့လာသည့် မျက်စိဝေဒနာရှင် ၄၅ ဦးကို စမ်းသပ်စစ်ဆေး ဆောင်ရွက်ပေးခဲ့ပြီး ခွဲစိတ်ကုသရန်လိုအပ်သည့် လူနာ ၂၇ ဦးကို အခမဲ့မျက်စိခွဲစိတ်ကုသ​ပေးခဲ့သည်ဟုဆိုသည်။

အဆိုပါခွဲစိတ်ကုသမှုကို နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) မှ မျက်စိအထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်ကြီး (ဆေးပညာ) နှင့် အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့က ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) ၌ နေပြည်တော်အလင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို အခမဲ့မျက်စိခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူကြည့်ရူအားပေးခဲ့ကြသည်။

နိုင်ငံတော်အနေဖြင့် နိုင်ငံတော်စရိတ်ဖြင့် ကုန်ကျခံပြီးမျက်စိအခမဲ့ခွဲစိတ်ကုသပေးခြင်း 'နေပြည်တော်အလင်း'နှင့် နှုတ်ခမ်းကွဲ၊အာခေါင်ကွဲများကို အခမဲ့ခွဲစိတ်ကုသပေးသည့်' နေပြည်တော်အပြုံးအစီအစဉ် 'ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

ယင်းအစီအစဉ်များနှင့်ပတ်သက်၍နေပြည်တော်တိုင်း ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုးက " မျက်စိ အတွင်းတိမ်ခွဲမယ့် စာရင်းက ၁၈၂ ဦးနဲ့ နှုတ်ခမ်းကွဲ/အာခေါင်ကွဲစာရင်းက ၄၈ ဦး ရရှိပြီး ဖြစ်ပါတယ်။ စာရင်းကောက်တာကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်နေမှာ ဖြစ်ပါတယ်။ လစဉ်ဆောင်ရွက်ပြီး ရေရှည်သွားမှာဖြစ်တဲ့အတွက် လူဦးရေကန့်သတ်မထားပါဘူး"ဟု နိုင်ငံပိုင်သတင်းစာ၌ ဖြေကြားထားကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group