Published 14 May 2024

၂၀၂၄ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရန် ရေကူးအားကစားသမားများကို ဖိတ်ခေါ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနထံမှ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ ရေကူးကန်တွင် ဇွန်လ၁၂ရက်မှ ၁၄ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကကြာင်း သိရသည်။

အဆိုပါရေကူးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်စေရန်အတွက် လူရွေးချယ်ရေးပြိုင်ပွဲအား မေလ၂၅ရက် နေ့လည် ၁နာရီတွင် အမျိုးသားရေကူးကန် (ဦးဝိဇာရ) မှာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေကူးအားကစားသမားများ မည်သူမဆို လာရောက်ပြီး ပါဝင်ယှဉ်ပြိုင်နိုင်တယ်လို့ အသိပေးထားသည်။
#Yangon_Times/LW
#Local_News
#Published_ 14 May 2024
#Yangon_Times #YMG_News #Yangon_Media_Group