၁၂ မေ ၂၀၂၄

ထိုင်းနိုင်ငံက မြန်မာနယ်စပ်တစ်လျောက်ပိုမိုတင်းကြပ်စွာထိန်းချုပ်ဖို့စီစဉ်နေတယ်လို့ ထိုင်းဝန်ကြီးချုပ် ဆာရက်သာ သာဗီရှင်းရဲ့ပြောကြားချက်ကို ကိုးကားပြီး ထိုင်းအခြေစိုက်မီဒီယာများက ယနေ့ မေလ ၁၂ရက်နေ့မှာ သတင်းရေးသား ဖော်ပြကြပါတယ်။

ထိုင်းဝန်ကြီးချုပ်ဆာရက်သာဟာ စနေနေ့က ကန်ချန်နာပူရီပြည်နယ်ရှိ အမှတ်၉ ခြေလျင်တပ်မဌာနချုပ်သို့သွားရောက်ပြီး အမှာစကားပြောကြားခဲ့ရာမှာ ယင်းကိစ္စ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ ယင်းရဲ့ အမျိုးသားလုံခြုံရေးကို ကာကွယ်ရေး တက်ကြွစွာပြင်ဆင်နေပြီး စွမ်းရည်မြှင့်နေတယ်လို့ သူက ပြောပါတယ်။ အဲဒီအပြင် မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ဆာရက်သာကပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ဆက်တိုက်လိုဖြစ်နေတဲ့ ပဋိပက္ခတွေကို သူက ဂရုပြုပြောကြားရင်း နယ်စပ်ပိတ်ဖို့အရေးကြီးတာကို လည်း အလေးပေးပြောဆိုပါတယ်။  ဒေသဆိုင်ရာ တပ်မှူးတွေက လက်ရှိနယ်စပ်ကာကွယ်ရေးဆောင်ရွက်မှုနှင့်အတူ  ပွိုင့်တွေနှင့် စစ်ဆေးရေးပွိုင့်တွေံကို ပိတ်ဖို့ အဆိုပြုချက်တွေ သူရရှိထားတယ်လို့လည်း ထိုင်းဝန်ကြီးချုပ်ကပြောပါတယ်။

“ပြဿနာက အမျိုးစုံပဲ။ ကုန်စည်အတုတွေနှင့် မူးယစ်ဆေးဝါးမှောင်ခိုသွင်းမှုတွေလို ပြဿနာတွေအထိခြုံငုံပါဝင်နေတယ်” လို့ သူကဆက်ပြောပါတယ်။

“ ဖြေရှင်းရမှာတွေအများကြီးပဲ။ တစ်ကိုယ်ရည်နှင့် လူသားချင်းအကူအညီတိုးမြှင့်ပေးဖို့၊ အထောက်အကူပြုပွိုင့်တွေ ပြင်ဆင်ဖို့  နှင့် ပွိုင့်တစ်ခုမှာ လူ၅၀၀ကနေ ၁၅၀၀ အထိလက်ခံနေထိုင်နိုင်မယ့် ပွိုင့် ၂၀ စတာတွေအပါအဝင်ဖြစ်တယ်။ ကျွန်တော်တို့ နည်းပညာကို အကျိုးရှိရှိသုံးမယ်။  တရားမဝင်ကုန်စည်တွေ ထောက်လှမ်းနိုင်ဖို့ ဒရုန်းတွေနှင့် အိစ်စ်ရေးစက်တွေသုံးမယ်။ ဒါတွေကို ဆွေးနွေးနေတုန်းဖြစ်တယ်။ ဒီကိစ္စတွေဖြေရှင်းဖို့ ဘတ်ဂျက်အတည်ပြုပေးရမယ်။ ဒါတွေဟာ ကျွန်တော်တို့နိုင်ငံ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်တဲ့ကြိုးပမ်းအားထုတ်မှုအားလုံးဖြစ်တယ်” လို့ သူကဖြည့်စွက်ပြောပါတယ်။

Source The Nation

@ymg/knl