#Local_News
Published 10 May 2024


▪️ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၅)ရပ်ကွက်တွင် လျှော်ရွေးလျှော်ထုတ်စက်ရုံဝင်းထဲရှိ ဂိုဒေါင်တစ်လုံး မီးလောင်မှုဖြစ်ပွား မြို့နယ်မီးသတ်တပ်ဖွဲ့ထံက သိရသည်။

 

▪️ မေလ ၉ရက် ည ၈နာရီ ၂၅မိနစ် ဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လှိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၈နာရီ ၃၈မိနစ်တွင် မီးထိန်းနိုင်ပြီး ၈နာရီ ၄၁မိနစ်တွင်မီးငြှိမ်းခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါမီးလောင်မှုနှင့်ပတ်သက်ပြီး မီးလောင်သည့်အကြောင်းအရာနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

#YMG/LW #Yangon_Times