Published_06 May 2024

ကျောက်မျက်ပြပွဲစတုတ္ထနေ့ ဖြစ်သည့် မေလ၆ရက်နေ့၌  ကျောက်မျက်အတွဲ(၁)မှ (၁၆၀) အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ဆက်လက်ရောင်းချပေးနေကြောင်း ကျင်းပရေးကော်မတီမှ သိရသည်။

(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မေလ ၃ ရက်မှ ၁၂ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ ၌ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတတိယနေ့၌လည်း   ပုလဲအတွဲပေါင်း ၁၉၇ တွဲ ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄,၅၅၀ တို့ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည် ။
#Yangon_Times/NN
#Local_News
#Published_06 May 2024
#Yangon_Times #YMG_News #Yangon_Media_Group