Published 6 May 2024

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ညောင်ပင်စောက်ကျေးရွာတွင် အမှိုက်ပုံ မီးလောင်မှုဖြစ်ပွားကြောင်း
မီးသတ်တပ်ဖွဲ့နှင့်လူမှုကူညီရေးအသင်းများထံက သိရသည်။

မေလ၆ရက်မနက်၃နာရီ၃၅မိနစ်က စ တင်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့များအနေဖြင့် ၇နာရီကျော်ကြာ မီးငြှိမ်းသတ်ပေးခဲ့ရကြောင်း သိရသည်။

""မနက် ၃နာရီခွဲ ကတည်းက လောင်တာ ၁၁နာရီ အထိ မီးထိန်း ပဲ ထိန်းနိုင်သေးတယ် မငြှိမ်းသေးလို့ မီးကျွင်း မီးကျန်တွေ ဆက်ငြှိမ်းနေရတယ်""ဟု လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးကပြောသည်။

အဆိုပါ မီးလောင် မှု ကြောင့် အမှိုက် ပုံ နားရှိ နေအိမ် အချို့လဲ မီးလောင်သွားခဲ့ကြောင်း သိရသည်။

အမှိုက်ပုံ မီးလောင်မှု ကို အမရပူရမြို့နယ် မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ဖျောက်ဆိတ်ကုန်းအရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ မြစ်ငယ်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ပြည်ကြီးတံခွန်မြို့နယ် လောကပါလ အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ယာတော်အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ သင်ပန်းကုန်းအရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများ က ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
Photo-Than Htay- FB
#Local_News/LW
#Published 06 May 2024
#Yangon_Media_Group #YMG #Yangon_Times