Published_ 06 May 2024

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာတံတားအဆင်းတွင် ယာဉ်(၁)စီးမီးလောင်မှု ယနေ့တွင်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
မှ သိရသည်။

ဖြစ်စဉ် မေလ ၆ ရက်နေ့၊ မနက်၁၀ နာရီ ၄၈ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ်ကွက်၊ ရွှေပြည်သာတံတားအဆင်းတွင် ယာဉ်(၁)စီးမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ဒညင်းကုန်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၁၀နာရီ  ၅၈ မိနစ်အချိန် ၌မီးငြိမ်းခဲ့ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published 06 May 2024
#Yangon_Media_Group #YMG #Yangon_Times