Published 4 May 2024

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း တွင် ပျော်ဘွယ်မြို့နယ်မီးသတ်စခန်း မှ သိရသည်။

မေလ ၄ရက် နံနက် ၅နာရီ ၁၅ မိနစ်ခန့်က ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်၂၉၁/၆-၇ကြားတွင် Fuso အမျိုးအစား ကွန်တိန်နာ(၂၂)ဘီးယာဉ် မီးလောင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ပြည်သာယာနယ်မြေမီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၅နာရီ ၃၀မိနစ် အချိန် မီးငြိမ်းခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 04 May 2024
#YMG_News #Yangon_Times #Yangon_Media_Group