၄ ဧပြီ ၂၀၂၄

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul တပ်မတော်(လေ)နှင့် ထိုင်းဘုရင့်လေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်စေရေး ဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

မြန်မာနှင့်ထိုင်းလေတပ်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်တဲ့  တပ်မတော်(လေ)ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ၏ ဖိတ်ကြားချက်အရ ဧပြီလ ၃၀ ရက်မှ မေလ၃ ရက်အထိ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံလေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင် နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

မေလ ၁ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်(လေ)အား ထိုင်းဘုရင့်လေတပ် ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ကြပြီး ကာကွယ်ရေးဦးစီးချုပ်(လေ)က ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးခဲ့တယ်လို့သိရပါတယ်။

ဗိုလ်ချုပ်ကြီးထွန်းအောင်သည် ထိုင်းဘုရင့်လေတပ်မတော်အား စတင် တည်ထောင်သူ Field Marshal Prince Chakrabongse ၏ ရုပ်တုရှေ့တွင် ဂုဏ်ပြုပန်းခွေချခြင်း၊ ထိုင်းဘုရင့်လေတပ်ဌာနချုပ် ဧည့်သည်တော်မှတ်တမ်းစာအုပ် တွင် လက်မှတ်ရေးထိုးခြင်း၊ ထိုင်းဘုရင့်လေတပ်ဌာနချုပ်ဧည့်ခန်းမတွင် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့် တွေ့ဆုံ ဆွေးနွေးခြင်းများဆောင်ရွက်ပြီး နှစ်နိုင်ငံလေတပ်အထိမ်းအမှတ်တံဆိပ်များ အပြန် အလှန်လဲလှယ်ပေးအပ်ခဲ့ကြသည်။ဆက်လက်၍ထိုင်းဘုရင့်လေတပ်ဌာနချုပ် Conference Room တွင် တပ်မတော်(လေ)နှင့် ထိုင်းဘုရင့်လေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်စေရေး ဆွေးနွေးမှုများပြုလုပ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ယင်းနောက် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်က တည်ခင်းဧည့်ခံတဲ့ ဂုဏ်ပြုညစားစားပွဲကိုလည်း တက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။

ယင်းနောက် Air War College သို့ သွားရောက်လေ့လာကာ အပြန် အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး သင်တန်းသားအရာရှိကြီးများ၏  National Security လက်တွေ့လေ့ကျင့်ခန်း Practice Negotiating ပြုလုပ်နေမှုများအား ကြည့်ရှုလေ့လာခဲ့ကြတယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။

@ymg/knl