Published_ 03 May 2024

ပဲခူးတိုင်း၊သာယာဝတီမြို့အနီး အင်အား(၄.၀) အဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

ယင်းငလျင်လှုပ်ခတ်မှုသည် ရန်ကုန်တိုင်းရှိမှော်ဘီနှင့်တိုက်ကြီးမြို့အထိသက်ရောက်မှုရှိပြီး  ဆွဲလှုပ်သလိုသိသိသာသာခံစားခဲ့ရ‌သည်ဟုဒေသခံများထံမှ သိရသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တွင်၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၀)နာရီ၊ (၄၆)မိနစ်၊ (၅၆) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၅၂) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (သာယာဝတီမြို့၏ အရှေ့-အရှေ့တောင်ဘက် (၁၆) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၆၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၄)ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၀) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း ဖော်ပြပါရှိသည်။
Yangon_Times/tthl
#Local_News
#Published_ 03 May 2024
#YMG_News #Yangon_Times #Yangon_Media_Group