Published 3 May 2024

ကျိုက္ခမီ နှစ်ကျိပ်ရှစ်ဆူဘုရားပင့်ဆောင်ပူဇော်ပွဲနှင့် ကဆုန်ညောင် ရေသွန်းပွဲတော် အား စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော် ကျင်းပရေးကော်မတီမှသိရသည်။

ထိုသို့ကျင်းပရာတွင်  မေလ (၁၉)ရက်တွင် ကျိုက္ခမီရေလယ်ဘုရား ဂန္ဓကုဋီတိုက်မှ နှစ်ကျိပ်ရှစ်ဆူ ဘုရားများအား
ပင့်ဆောင်၍ ယာယီစံ ကျောင်းများတည်ရှိရာ ရပ်ကွက်များအတွင်းရှိ စံကျောင်းများအတွင်းထားရှိကာ အပူဇော်ခံသွားမည်ဖြစ်ကာမေလ(၂၁)ရက် ညနေပိုင်းတွင်ကျိုက္ခမီတစ်မြို့ နယ်လုံးအား ဒေသစာရီ လှည့်လည်အပူဇော်ခံ ကြွရောက်သွားမည်ဖြစ်ကြောင်းသိရသည်။

ထို့နောက် မေလ (၂၂) ရက်(ကဆုန်လပြည့်နေ့)၌ နှစ်ကျိပ်ရှစ်ဆူ ဘုရားများအား အခမ်းအနားဖြင့် ကျိုက္ခမီရေလယ်ဘုရားကုန်းတော်ပေါ်ရှိ ဂန္ဓကုဋီတိုက်သို့ပြန်လည်ပင့်ဆောင်သွားမည်ဖြစ်သည်။

၎င်းနောက် ကျိုက္ခမီ ရေလယ်ဘုရားကုန်းတော်ပေါ်ရှိ မဟာဗောဓိညောင်ပင်တွင် ညောင်ရေသွန်းလောင်းပွဲကို တစ်ဆက် တည်းကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 03 May 2024
#YMG_News #Yangon_Times #Yangon_Media_Group