ငရုတ်ဈေးနှုန်းတွေ ကျဆင်းနေတာကြောင့် အရှုံးပေါ်နေတဲ့ ဆီဆိုင်တောင်သူ‌‌ တွေအတွက် ဆီဆိုင်ငရုတ်ထုတ်ကုန်တွေကို စတင်ထုတ်လုပ်ပေးနေပြီလို့ ရှမ်းပြည်နယ်တောင်ပိုင်း ၊ဆီဆိုင်မြို့နယ်မှ ငရုတ်စိုက်တောင်သူများကို ဝန်ဆောင်မှုပေးနေသည့် အဖွဲ့မှသိရပါတယ်။

ဆီဆိုင်ဒေသကထွက်ရှိတဲ့ငရုတ်  တစ်ပိဿာကိုအရင်နှစ်က ကျပ် ၁၀၀၀၀ ကနေ ၁၅၀၀၀ ကျပ် အထိရရှိကြပေမယ့် အခုနှစ်မှာ တစ်ပိဿာ ကျပ်၅၀၀၀ ၊ ၆၀၀၀ကျပ်  လောက်ထိပဲ ဈေးနှုန်းရကြပြီး ငရုတ်စျေးကျဆင်းတာ၊ လုပ်သားရှားပါးတာ ၊ မြေသြဇာစျေးတွေ ကြီးမြင့်တာအပြင် နယ်မြေမအေးချမ်းတာ တွေကြောင့် အခုနှစ် တွက်ခြေမကိုက်ပဲ အရှုံးပေါ်ကြတာများတယ်လို့ ဆိုပါတယ်။
Yangon_Times/NN
#Local_News
#Published_ 03 May 2024
#YMG_News #Yangon_Times #Yangon_Media_Group