Published 3 May 2024

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ သာစည်ကျေးရွာအနီး စလင်း-ဆင်ဖြူကျွန်းကားလမ်း တွင် ယာဉ်တစ်စီး အရှိန်မထိန်းဘဲ လမ်းဘေးသစ်ပင် ၀င်တိုက်မှုဖြစ်ပွားကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့ထံကသိရသည်။

မေလ ၃ရက် နံနက် ၈နာရီ ခန့်က စလင်းမြို့နယ်၊ သာစည်ကျေးရွာအနီး စလင်း-ဆင်ဖြူကျွန်းကားလမ်း၊ မိုင်တိုင်အမှတ်(၄၁)နှင့်(၄၂)ကြားတွင် ယာဉ်(၁)စီးသည် မိုးရွာသွန်းမှုကြောင့် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် အမျိုးသား(၃)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့ကြောင်းသိရသည်။

ထိုသို့တိမ်းမှောက်ကြောင်း သတင်းရရှိသဖြင့်စလင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဆင်ဖြူကျွန်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရသူတို့အား စလင်းမြို့ကြက်ခြေနီအသင်းယာဉ်ဖြင့် စလင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 03 May 2024
#YMG_News #Yangon_Times #Yangon_Media_Group