#Local_News
Publicshed 1 May 2024

▪️ (၆၂) ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီ ၌  စုစု‌ပေါင်းထီဆုငွေ ကျပ်သန်း ၃၈၆၅ ဒသမ ၉၃၂ (ကျပ် ၃ ဒသမ ၈ ဘီလျံကျော်) ချီးမြှင့်မည် ဖြစ်ပြီး ကျပ်သိန်းငါးထောင်ဆုကို(ဂ) ၁၈၅၆၇၇ နံပါတ်မှ ဆွတ်ခူးရရှိ ကြောင်းသိရသည်။

 

▪️ အဆိုပါ ၆၂ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီဆုဖွင့်ပွဲကို ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက် နံနက် ၈ နာရီအချိန်တွင် လည်းကောင်း၊ အောင်ဘာလေ အွန်လိုင်းသိန်းဆုထီဖွင့်ပွဲကို နံနက် ၁၀ နာရီတွင်လည်းကောင်း ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲတွင် ကျင်းပခဲ့ရာ အမြင့်ဆုံးဆုဖြစ်သည့် ကျပ်သိန်းငါးထောင်ဆုကို(ဂ) ၁၈၅၆၇၇ နံပါတ်မှလည်းကောင်း၊ ကျပ်သိန်းနှစ်ထောင်ဆုကို (စျ) ၉၂၆၅၇၈၊ ကျပ် သိန်းတစ်ထောင်ဆုကို (ခ) ၄၉၀၀၂၂ မှဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

 

▪️ မေလ ၁ ရက်တွင် ကျင်းပသည့် ၆၂ ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေသိန်းဆုထီ လက်မှတ်‌ရောင်းရ‌ငွေ  ကျပ် ၅၅၂၂ ဒသမ ၇၆၀ သန်း (၅ ဒသမ ၅ ဘီလျံကျော်) ဖြစ်သဖြင့် ရာခိုင်နှုန်း ၇၀ ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်း ၃၈၆၅ ဒသမ ၉၃၂ (ကျပ် ၃ ဒသမ ၈ ဘီလျံကျော်) ဖြစ်ကြောင်းနှင့် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ မှ ကျပ်ဆယ်သိန်း လေးဆု၊ ကျပ်သုံးသိန်း ၂၀ ဆု၊ ကျပ်နှစ်သိန်း ၂၀၀ ဆု၊ ကျပ်တစ်သိန်း ၂,၀၀၀ ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

 

▪️ ထို့အပြင် ၆၂ ကြိမ်မြောက် အောင်ဘာလေဆုများအနေဖြင့် ကျပ်သိန်းငါးထောင် တစ်ဆု၊ ကျပ်သိန်းနှစ်ထောင် တစ်ဆု၊ ကျပ်သိန်းတစ်ထောင် တစ်ဆု၊ ကျပ်သိန်းငါးရာ လေးဆု၊ ကျပ်သိန်းနှစ်ရာငါးဆု၊ ကျပ်သိန်းတစ်ရာကိုးဆု၊ ကျပ်သိန်းငါးဆယ် ၁၂ ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၆ ဆု၊ ကျပ်ဆယ်သိန်း ၁၄ ဆုများအပြင် ဝေဝေဆာဆာပဒေသာဆုအနေဖြင့် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၃၀၀ ဆု၊ ကျပ်တစ်သိန်း ၅,၀၀၀ ဆု၊ ကျပ်ငါးသောင်း ၂၀,၀၀၀ ဆု၊ ကျပ်တစ်သောင်း ၁၀၀,၀၀၀ ဆု ချီးမြှင့်ပေးခဲ့‌ကြောင်း သိရသည်။

 

#YMG/NN #Yangon-Times