#Local_News
Published 30 March 2024

သင်္ကြန်ကာလအတွင်းယာယီရပ်နားထားမည့် ရန်ကုန်မြို့ပတ်ရထားပြေးဆွဲခြင်းအား မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစတင်၍ ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။

 

အဆိုပါ ရန်ကုန်မြို့ပတ်ရထားပြေးဆွဲခြင်းအားသင်္ကြန်အကြိုနေ့ဖြစ်သည့်  ဧပြီလ ၁၃ ရက်မှ  သင်္ကြန်အတက်နေ့ (ဧပြီလ ၁၆ ရက်) အထိယာယီရပ်နားထားမည်ဖြစ်သည်။

 

ထို့နောက် ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစတင်၍ ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်သည်။

 

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၌  အခေါက်ရေ ၂၆ ခေါက်နှုန်း နေ့စဉ်ပြေးဆွဲလျက်ရှိပြီး ခရီးသည်ဦးရေလည်းတိုးတက်လျှက်ရှိကြောင်း သိရသည်။

 

#Local_News #နှစ်ဆန်းတစ်ရက်နေ့ #မြို့ပတ်ရထားပြေးဆွဲ #YMG/ NN #Yangon_Times