Published_ 23 March 2024

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပါးတောင် အမျိုးသားဘူမိဥယျာဉ် ယခုရက်ပိုင်း၌  စတင်ဖွင့်လှစ် ခဲ့ကြောင်းသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည် ။

ထိုသို့ဖွင့်လှစ်ရာတွင် မတ်လ ၂၀ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယင်း ဘူမိဥယျာဉ်သည် မြန်မာ နိုင်ငံ၏ ပထမဆုံးသော အမျိုးသားအဆင့်ဘူမိဥယျာဉ်လည်း ဖြစ်ပြီးဘူမိနယ်မြေ ၁၅ ခုဖြင့်  ဖွဲ့စည်းထားခြင်းဖြစ်သည့်အပြင် သယံဇာတပေါကြွယ်ဝကာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ တည်ရှိသည့် နေရာများကိုလည်း ဘူမိဥယျာဉ်များ အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  သိရသည် ။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေတွေအဖြစ် ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်နေကြောင်း လက်ရှိအချိန်ထိ သဘာဝထိန်းသိမ်းရေး နယ်မြေ ၅၉ ခု၊ နိုင်ငံဧရိယာ၏ ၆ ဒသမ ၄၂ ရာခိုင်နှုန်းကို ဖွဲ့စည်းသတ်မှတ်ပြီး ဖြစ်ကြောင်းသိရသည် ။
Yangon Times/NN
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group