Published 22 March 2024

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆောက်တောဝကျေးရွာအပိုင်၊ မန်ကျည်းချိုကွေ့၊ မြစ်ငယ်- ထုံးဘိုဖြတ်လမ်းတွင် ၁၂ ဘီးတွဲကား အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်ဘေးရှိ ရေမြောင်းအတွင်းသို့ ထိုးကျမှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့နှင့်လူမှုကူညီရေးအသင်းများထံကသိရသည်။

မတ်လ ၂၁ရက် ည ၈နာရီ ၇မိနစ်ခန့်က ဖြစ်ပွားခဲ့ ကာ ယာဉ် တိုက်မှုကြောင့် ယာဉ်အတွင်း လူညှပ်နေသဖြင့်အမရပူရမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ယာဉ် တိမ်းမှောက် မှု ကြောင့် ယာဉ်မောင်းဖြစ်သူ အမျိုးသားတစ်ဦး​ေ-သဆုံးခဲ့ကာ
ဖြစ်စဥ်တွင် ဒဏ်ရာရရှိသူ ယာဥ်နောက်လိုက်အား လောကပါလလူမှုကူညီရေးအသင်း လူနာတင်ယာဥ်ဖြင့် လည်းကောင်း၊ သေဆုံးသူ ယာဥ်မောင်း၏ ရုပ်အလောင်းအား ထာဝရတွဲလက်များလူမှုကယ်ဆယ်ရေးအသင်း လူနာတင်ယာဥ်ဖြင့်လည်းကောင်း မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published_ 22 March 2024
#YMG_News #Yangon_Times #Yangon_Media_Group