Published 21 March 2024

တာမွေမြို့နယ်၌ မွေးကင်းစကလေးစွန့်ပစ်မှု ယနေ့မတ်လ၂၁ရက်‌နေ့တွင် ဖြစ်ပွားပြီး ကလေးမှာ ချက်ပိုးဝင်နေကြောင်း မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့ မှသိရသည်။

ဖြစ်စဉ်မှာ တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် ကျိုက္ကဆံလမ်းပေါ် ညအိပ်ရပ်ထားသော Hijetအမျိုးအစား မော်တော်ပေါ်မွေးကင်စကလေး(မ) ၁ဦးအား စွန့်ပစ်ခဲ့ပါသဖြင့် သက်ဆိုင်ရာဌာနများ အကြောင်းကြား၍ ကလေးငယ်မှ ာချက်ကြိုးကပ်ဖြတ်ထားသောကြောင့် သွေးထွက်နေသဖြင့် သျှင်ပါရဂူဆေးရုံသို့ ဝင်ရောက်ပြသပေးပြီး(အရှေ့ပိုင်ခရိုင်လူ/ကယ်ပြန်ဌာန)မှ တာဝန်ရှိသူများခေါ်ဆောင်၍ ရန်ကုန်ကလေးဆေးရုံ အရေးပေါ်ဌာန(ဟယ်ပင်)သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း၊ ကလေးမှာ ချက်မှပိုးဝင်နေသည်ဟု သိရသည်။
Yangon Times/NN
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group