Published_ 21 March 2024

အလင်္ကာကျော်စွာ၊ အနုပညာထူးချွန် ပထမဆင့်ရ ဆိုင်းပညာရှင်ကြီး ရွာစား ဘဘဦးစိန်မြအောင် သည် မတ်လ(၂၁)ရက်၌ ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)မှသိရသည်။

"နှမျောလိုက်တာ အဖေကြီးရယ် မြန်မာ့ဇာတ်သဘင်ရဲ့ အားအထားရဆုံး မြန်မာ့ဂီတမဏ္ဍိုင်ကြီး ကောင်းရာဘုံဋ္ဌာနသို့ရောက်ပါစေ"ဟု ဇာတ်သဘင် ပညာရှင် ကျားလေးစိန်ကဖော်ပြထားသည်။

ရွာစား ဘဘဦးစိန်မြအောင်သည်မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၏ဒုဥက္ကဌ (၂)လည်းဖြစ်သည်။

တာဝန်ထမ်းဆောင်ချိန်တလျှောက် သဘင့်တာဝန်များကို အလွန်ကျေပွန်စွာဖြင့်သဘင့် သားသမီး မြေးမြစ်များအပေါ်အစစ စောင့်ရှောက်ခဲ့ပါသောဒုဥက္ကဌကြီး ကွယ်လွန်ခြင်းမှာသဘင်လောကအတွက်အစားထိုးမရသော ဆုံးရှုံးမှုအဖြစ် နှမြောတသ ဝမ်းနည်း ကြေကွဲရကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)မှ ထုတ်ပြန်ထား ကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group