Published_ 20 March 2024

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်ခြံအမှတ် (၅၄) ကို မတ်လ ၂၀ ရက်၊ မနက်ပိုင်းက လေလံတင်ရောင်းချခဲ့ရာ ဝယ်ယူမည့်သူမရှိခဲ့ကြောင်း ကမာရွတ်ခရိုင် တရားရုံးမှ အရာရှိထံမှသိရသည်။

မတ်လ ၂၀ ရက်၊ မနက်ပိုင်းကလေလံတင်ရောင်းချစဉ် ခြံအမှတ် ၅၄ ကို လေလံတင်ရောင်းချဖို့ သုံးကြိမ် သုံးခါ မေးမြန်းခဲ့ပေမယ့် ဝယ်ယူမယ့်သူ မရှိခဲ့ဘူးလို့ ကမာရွတ်ခရိုင်တရားရုံးမှအရာရှိက လာရောက်သတင်းယူသည့် ပြည်တွင်းပြည်ပမီဒီယာများကိုဖြေကြားခဲ့သည်ဟုဆိုသည်။

 ခြံအမှတ် ၅၄ ကို ကျပ်သိန်းပေါင်း ၃ သန်း ၁ သိန်း ၅ သောင်း (ကျပ် ၃၁၅ ဘီလီယံ) နှင့်လေလံကြမ်းခင်းဈေး သတ်မှတ်ပြီး နေအိမ်ရှေ့မှာပဲ လေလံတင်ရောင်းချမှုပြုလုပ်ဖို့ ကမာရွတ်ခရိုင် တရားရုံးက ဇန်နဝါရီ ၂၅ ရက်မှာ အမိန့်ချမှတ် ထားသည်။

 ပထမအကြိမ် လေလံတင် ရောင်းချတာ အောင်မြင်မှု မရှိသည့်အတွက် နောက်တစ်လအတွင်း လေလံတင်ရောင်းချမှုကို ဆက်လက်လုပ် ဆောင်ရွက်သွားရန် ရှိနေကြောင်း  သိရသည်။

ခြံအမှတ် ၅၄ နေအိမ်နှင့် ခြံကွက် အမွေမှုနှင့်ပတ်သက်၍ ခြံထဲမှ နှစ်ထပ်တိုက်ပါဝင်သည့် အနောက်ဘက်အခြမ်းကို ဒေါ်အောင်ဆန်းစုကြည် ရယူဖို့နှင့် တစ်ထပ်တိုက်ပါဝင်သည့် အရှေ့ဘက်ခြမ်းကို သားအကြီးဖြစ်သူ ဦးအောင်ဆန်းဦး ဘက်ကရယူရန်၂၀၁၆ ခုနှစ်မှာ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ထားခဲ့ခြင်းဖြစ်သည်။

ယင်းဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီးဦးအောင်ဆန်းဦး ကျေနပ်မမှုမရှိ၍ နေအိမ်ကို ရောင်းချပြီး ရရှိငွေကို တစ်ဝက်စီခွဲဝေဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ထပ်မံလျှောက်ထား တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group