Published_ 20 March 2024

ပြန်ကြားရေး ဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီး ဌာနနှင့် အိန္ဒိယနိုင်ငံအစိုးရတို့ အကြား စာဆိုဗိမာန်တည်ဆောက် ခြင်းစီမံကိန်း သဘောတူညီ ချက် (Project Agreement) လက်မှတ်ရေးထိုးခြင်း အခမ်း အနားကို ယမန်နေ့ ညနေပိုင်း က ရန်ကုန်မြို့၊ ပြည်လမ်းရှိ LOTTE ဟိုတယ်၌ ကျင်းပသည်။

လက်မှတ်ရေးထိုးခြင်း အခမ်း အနားသို့ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr.Vinay Kumar နှင့် အိန္ဒိယနိုင်ငံ သံရုံးမှ တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာ အကြီးအကဲ များ၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ကျေးဇူးတင်စကား ပြောကြားပြီး‌နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr.Vinay Kumar က စီမံကိန်း ပူးပေါင်းဆောင်ရွက်ခွင့်ရသည့် အတွက် အိန္ဒိယနိုင်ငံ အစိုးရ ကိုယ်စား မုဒိတာစကား ပြော ကြားသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr.Vinay Kumar တို့၏ ရှေ့ မှောက်၌ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝင်းကျော်အောင်နှင့် အိန္ဒိယနိုင်ငံသံရုံး ဒုတိယ အကြီးအကဲ Mr.Ashish Sharma တို့သည် စာဆိုဗိမာန်တည် ဆောက်ခြင်းစီမံကိန်း သဘော တူညီချက် (Project Agreement) ကို လက်မှတ်ရေးထိုး လဲလှယ်ကြသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့ သည် အမှတ်တရ ဂုဏ်ပြု လက်ဆောင်များ အပြန်အလှန် ပေးအပ်ကြပြီး ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အိန္ဒိယ သံအမတ်ကြီးနှင့် တက် ရောက်လာကြသူများအား ပုံနှိပ် ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန က ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group