Published_ 20 March 2024

 ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်းတွင် ​ဖေဖော်ဝာရီလအတွင်း ကောက်ယုခဲ့သည့်စာရင်းအရ ငှက်မျိုးစိတ် ၁၂၃မျိုး ငှက်ကောင်ရေသုံးသောင်း​ကျော် ကျက်စားနေပြီ ဖြစ်ကြောင်း မိုးယွန်းကြီးအင်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

"မိုးယွန်းကြီးအင်းမှာ ဖေဖော်ဝါရီ လကောက်ယူထားတဲ့ ငှက်စာရင်းကောက်တာက ၁၂၃မျိုး ကောင်ရေသုံး​သောင်း​လေး​ထောင်​ကျော်ရှိတယ် အမျိုးအစားတွေကခရုတုပ် ၊ စစ္စလီ ၊ မြစ်တွေး ကြိုးကြာ ၊ငှက်ကြား​၊ရေကြက် ၊ဒေါင်းလန်းခြေထောက်စတဲ့ငှက်တွေဖြစ်တယ်၊အရင်နှစ်​ဖေ​ဖော်ဝါရီလကထက်​ကောင်​ရေပိုများတယ် "ဟု၎င်းကပြောသည်။ 

ပြီးခဲ့သည့်​ဖေ​ဖော်ဝါရီလကောက်ယူထားသည့်စာရင်းအရ​ရေ​ပျော် ဆောင်းခိုငှက်၅၃မျိုး ဌာနေငှက် ၇၀မျိုုး စုစုပေါင်း ငှက်မျိုးစိတ်၁၂၃မျိုး ရှိ ပြီးကောင်ရေ အနေဖြင့် ဆောင်းခိုငှက်(၁၆၆၀၀)ကာင်နှင့် ဌာနေငှက်(၁၈၀၀၀)စသည်ဖြင့် စုစုပေါင်းငှက်ကောင်ရေ ၃၄၆၀၀ရှိ ကြောင်း ယင်းဆောင်းခိုငှက်များသည်ဧပြီလမှစတင်ကာ၎င်းတို့၏ဌာနေသို့ပြန်လည်ပျံသန်းကြ​ကြောင်းသိရသည်။

မိုးယွနိုးကြီးအင်းတွင်ဆော င်းခိုငှက် ဌာနေငှက်နှင့်ကုန်းငှက်များအပြင်ငါးမျိုးစိတ်၄၀ကျော်ရှိကြောင်း ၊မိုးယွန်းကြီးအင်းသို့ငှက်ကြည်ဝါသနာရှင်များလာရောက်လည်ပတ်ကြောင်းး  ပြီး ခဲ့သည့်၂၀၂၃ခုနှစ်​ဖေ​ဖော်ဝါရီလထက်ငှက်ကောင်ရေ​လေး​ထောင်​ခြောက်ရာပို​ကြောင်းသိရသည်။

ရွှေ့ပြောင်းငှက်များဖြစ်သည့် ဆော င်းခိုငှက်များသည် ကမ္ဘာမြောက်ခြမ်းမှ ကမ္ဘာ့တောင်ခြမ်းကို လာပြီးဆောင်းခိုကြကြောင်း၊ ဆောင်း ခိုငှက်များသည် ရေဝပ်ဒေသဂေဟစနစ်ကြီးကောင်းမွန်သည့်အတွက် လာရောက်ကျက်စားကြခြင်းဖြစ်ကြောင်း ရေဝပ်ဒေသမကောင်းပဲ ပျက်ဆီးနေပါကလည်း ငှက်များလာရောက်ခိုနားမည်မဟုတ်ကြောင်း၊ ယင်းငှက်များမလာပါက ရေဝပ်ဒေသဂေဟစနစ်ကြီး ပျက်ဆီးသွားလျင် ဒေသခံတွေက မှီခိုအားထား၍မရနိုင်တော့သည့်အတွက် ငှက်များလာခြင်းအားဖြင့် လူများကိုလည်း အကျိုးပြု​ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group