#Local_News
Published_ 18 March 2024


ခွန်ခမာချန်ပီယံခါးပတ်လုပွဲ၌ မြန်မာကိုယ်စားပြုစိုးမိုးဇော်သည် ဥပါကစ္စတန်သား အာဆတ်ကို မတ်လ(၁၇)ရက်တွင် ဒိုင်အမှတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

 

စိုးမိုးဇော်က အတွေ့အကြုံရင့်သည့် ဥပါကစ္စတန်နိုင်ငံသားပြိုင်ဘက်ဖြစ်သူ အာဆတ်ကို ငါးချီပြည့်ချိန်အထိအသာစီးဖြင့်ယှဉ်ပြိုင်ခဲ့ပြီး ဒိုင်အမှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

 

"မနက်ဖြန်မှာ Training ပြန်စမယ်။ ဒီပွဲမှာလိုအပ်ချက်တွေပြန်ပြင်သွားမယ်"ဟု စိုးမိုးဇော်ကလေ့ကျင့်မှုဗီဒီယိုများတင်ပေးရင်းဖော်ပြထား သည်။

 

ခွန်ခမာခါးပတ်လုပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နေသော စိုးမိုးဇော်အနေဖြင့် ယခုပွဲစဉ်သည် ဒုတိယမြောက်ပွဲစဉ်ဖြစ်ပြီး၊ ပထမပွဲစဉ်တွင် ခွန်ခမာဖိုက်တာ သီးဗာရစ်ကို ရှုံးနိမ့်ထားသည်။

 

ယခု ကျင်းပသည့် ခွန်ခမာချန်ပီယံခါးပတ်လုပွဲသည် လက်ဝှေ့ဖိုက်တာ (၇)ဦး ပတ်လည်စနစ်ဖြင့်ယှဉ်ပြိုင်၍ ခွန်ခမာချန်ပီယံဆု ရရှိရန်၆၃.၅ ကီလိုတန်း ပြိုင်ပွဲအနေဖြင့်ယှဉ်ပြိုင်နေကြသည့် ပွဲတစ်ပွဲလည်းဖြစ်ပြီး ယခုပွဲ၌ခါးပတ်လုမည့် လက်ဝှေ့ဖိုက်တာအများစုသည်ကမ္ဘောဒီးယားနိုင်ငံသား ဖိုက်တာများဖြစ်‌ကြောင်းလည်း သိရသည်။

 

#Local_News #ခွန်ခမာခါးပတ် #စိုးမိုးဇော်ဆက်တိုက်လေ့ကျင့်နေ #tthl #Yangon_Times