#Local_News
Published 18 March 2024


ပွင့်လင်းရာသီ ဖြစ်သည့် အတွက်ကုန်ကြမ်းပေါများချိန်ဖြစ်သော်လည်း အလှူရာသီဖြစ်နေသောကြောင့် ရေချို၊ရေငန် ငါးခြောက်များ အရောင်းအဝယ်ပိုမို ကောင်းလာ၍ဈေးကောင်းရနေကြောင်း ဘုရင့်နောင်ဈေးမှ ငါးပိ  ငါးခြောက်ထုတ်လုပ်ရောင်းချသူများထံမှ သိရသည်။

 

"အခုကအလှူရာသီဆိုတော့ ငါးခြောက်အရောင်းအဝယ်ပိုကောင်းလာတယ်။ ငါးခြောက်ဈေးကောင်းရတယ်။ အွန်လိုင်းကလည်း ရောင်းအားကောင်းတယ်။ ကုန်ကြမ်းကလည်း ခုချိန်ကရေချိုငါးရော ပင်လယ် ငါးလည်းရတယ်ဆိုတော့  ကုန်ကြမ်းရရှိတာ အဆင်ပြေတယ်။ များတယ်ဆိုပေမယ့် ဝယ်လိုအားကကောင်းနေတော့ဈေးမကျဘူး‌၊ ကောင်းနေတယ် "ဟု ငါးပိ၊ ငါးခြောက်ရောင်းချသူတစ်ဦးက ပြောသည်။ 

 

လက်ရှိတွင် ငါးခြောက်ကုန်ကြမ်းရရှိမှုအနေဖြင့် မွေးမြူရေးငါးရရှိသည့်အပြင်သဘာဝမှရရှိသည့် အင်းငါးများလည်းရရှိချိန်ဖြစ်ပြီး ပင်လယ်ငါးလည်းရရှိချိန်ဖြစ်ရာ ကုန်ကြမ်းပေါများစွာရရှိနေကြောင်း သိရသည်။

 

ယနေ့တွင်ဘုရင့်နောင်ဈေးကွက်၌ ငါးဒန်အသားမျှင် ၊တံသွယ်ချိုသန့် ၊ငါးရံ့ပြားလတ်ကြီး ၊ရခိုင်ငါးကွန်းရှပ် ၊ ငါးနီတူခေါင်းပြတ်၊ ငါးနီတူခြွေသေး၊ ငါးကြင်းကောင်၊ သင်လုံးလတ်ကြီး၊ ငါးကျည်းအလတ် ၊ငါးရံ့ပြားလတ်ကြီး၊ ငါးရံ့လုံးကြီး၊ ငါးနီတူခေါင်းပါ၊  ငါးကြင်းတုံး၊ငါးဂျီးကြီး၊ ငါးခုံးမ စသည်ဖြင့် ငါးခြောက်အမျိုးအစားအလိုက်တစ်ပိသာလျှင် ကျပ်၈,၀၀၀မှ ၈၈,၀၀၀ကျပ်  စသည့်ဖြင့်ဈေးနှုန်းအသီးသီးရှိနေကြောင်းသိရသည်။

 

ငါးခြောက်ဈေးကွက်အနေဖြင့်ပွဲရုံကြီး များတွင်လက်ကားဝယ်ယူမှု နည်းသော်လည်းအွန်လိုင်းမှတဆင့်လက်လီဝယ်ယူမှုမှာမူ ရောင်းအားရှိ ကြောင်းယခုကာလသည်အလှူမင်္ဂလာပြုလုပ်သူ များပြားသည့်အတွက် ငါးခြောက်ဝယ်လိုအားပိုမိုကောင်းလာကြောင်း သိရသည်။

 

#Local_News #ငါးခြောက်ဈေးကောင်းရနေ #ကုန်ကြမ်းပေါများချိန် #YMG/ NN#Yangon-Times