#Local_News
Published 18March 2024

ယခုဘဏ္ဍာနှစ်ဆယ့်တစ်လကျော်ကာလအတွင်းပြည်ပသို့သတ္ထုတွင်းထွက်တင်ပို့မှုမှအမေရိကန်ဒေါ်လာသန်း၂၅၀ ကျော်ရရှိပြီး ယခင်ကာလတူထက်သန်း ၆၀ ​ကျော်လျော့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ုကြီးဌာနမှသိရသည်။ 

 

၂၀၂၃-၂၄ဘဏ္ဍာနှစ် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်နေ့အထိ ပြည်ပနိုင်ငံများသို့ သတ္ထုတွင်းထွက် တင်ပို့မှုအနေဖြင့် နိုင်ငံပိုင်မှ အမေရိကန်ဒေါ်လာ(၃၃ဒသမ၂၅၅) သန်းရရှိပြီးပုဂ္ဂလိကပိုင်မှအမေရိကန်ဒေါ်လာ(၂၂၃ဒသမ၁၈၅)သန်းရရှိသည့်အတွက် စုစုပေါင်းအမေရိကန်ဒေါ်လာ (၂၅၆ဒသမ၄၄၀) သန်းရရှိ​ကြောင်း သိရသည်။

 

ယခင်နှစ်ကာလတူအချိန်တွင် ပြည်ပသို့ သတ္ထုတွင်းထွက်တင်ပို့မှုအနေဖြင့် နိုင်ငံပိုင်မှ အမေရိကန်ဒေါ်လာ(၂၂ဒသမ၄၁၉)  သန်းရရှိပြီး ပုဂ္ဂလိကပိုင်မှ အမေရိကန်ဒေါ်လာ (၃၀၀ဒသမ၉၄၇) သန်းရရှိသည့်အတွက်စုစုပေါင်းအမေရိကန်ဒေါ်လာ (၃၂၃ဒသမ၃၆၆) သန်းရရှိခဲ့ရာ ယခုဘဏ္ဍာနှစ်တွင်ယခင်ကာလတူထက်အ​မေရိကန်ဒေါ်လာ(၆၆ဒသမ၉၂၆)သန်းလျော့နည်းကြောင်း သိရသည်။

 

၂၀၂၃-၂၄ ဘဏ္ဍာနှစ်ဆယ့်တစ်လ​ကျော်တွင်ပြည်ပသို့သတ္ထုတွင်းထွက်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ(၂၅၆ဒသမ၄၄၀) သန်းရရှိခဲကြောင်း ပြည်ပသို့တင်ပို့သည့်ကျောက်မျက်ရတနာများမှာ ရွှေ ၊ကျောက်စိမ်း၊ ပုလဲ၊ စိန်၊ ခဲ ၊ခဲမဖြူ၊ အဖြိုက်နက် ၊ငွေ၊ ကြေးနီ၊ သွပ်၊ ကျောက်မီးသွေးနှင့်အခြား သတ္တုအမျိုးမျိုးကိုတင်ပို့ကြောင်း သိရသည်။

 

ထို့အပြင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် အခြားပို့ကုန်များ တင်ပို့ရာပို့ကုန်တင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာသန်း(၁၃၇၁၆ဒသမ၂၄၆) သန်းရရှိထားကြောင်း သိရသည်။

 

#Local_News #အမေရိကန်ဒေါ်လာသန်း၂၅၀ကျော်ရရှိ #ယခင်နှစ်ထက်သန်း ၆၀ ကျော်​လျော့နည်း #YMG/ NN #Yangon_Times