#Local_News
Published_ 18 March 2024


အင်ဒိုနီးရှားနိုင်ငံ၊ ဘိုဂေါမြို့ရှိ ဝိဟာရဝိပဿနာ ဂီရိရတနာကျောင်း၌ မတ် ၁၆ ရက်တွင် ပြုလုပ်သည့် ကျောင်းဆောင် အုတ်မြစ်ချ မင်္ဂလာအခမ်းအနားနှင့် သံဃာအပါး (၅၀) ရဟန်းခံ သိမ်တက် မင်္ဂလာအခမ်းအနားများသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်/သံအမတ်ကြီး ဦးအောင်မျိုးမြင့် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

 

ကျောင်းဆောင် အုတ်မြစ်ချ အခမ်းအနားကို အင်ဒိုနီးရှား နိုင်ငံရှိ ဗုဒ္ဓဘာသာဝင် များမှ ကမကထပြုလုပ်ခဲ့ရာ၊ အာဆီယံဆိုင်ရာ ထိုင်းအမြဲတမ်း ကိုယ်စားလှယ် H.E. Urawadee Sriphiromya နှင့် မြန်မာအမြဲတမ်းကိုယ်စားလှယ်တို့မှ အုတ်မြစ်ချပေးခဲ့ခြင်း ဖြစ်ပါတယ်။

 

ထို့ပြင် သံဃာအပါး(၅၀) ရဟန်းခံသိမ်တက် မင်္ဂလာအခမ်းအနားသို့ မြန်မာ သံအမတ်ကြီးနှင့်အဖွဲ့ တက်ရောက်၍ နဝကမ္မအလှူငွေများ ထည့်ဝင်ခဲ့ပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံတွင် ဝိဟာရ ဝိပဿနာ ဂီရိရတနာ ကျောင်းတော် တည်ရှိခဲ့သည် မှာ နှစ်ပေါင်း (၂၀) ကျော်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း၊ ၂၀၂၄ ခုနှစ်တွင် ဗုဒ္ဓဘာသာ ဝိပဿနာကျောင်းတော်အဖြစ် တရားဝင်သတ်မှတ်ခံရတာဖြစ်ကြောင်း သိရပါတယ်။

 

#Local_News #ဝိဟာရဝိပဿနာဂီရိရတနာကျောင်း #သံဃာအပါး (၅၀) ရဟန်းခံသိမ်တက်ပွဲပြုလုပ် #Ymg_mnn #Yangon_Media_Group