#Local_News
Published 12 March 2024

ရန်ကုန်တိုင်း‌ဒေသကြီးရှိ တွံတေးမွေးမြူရေးဇုန်၌လုပ်ငန်းရှင် ၄၉ ဦး မှ ငါး၊ ကြက်၊ဆိတ်အပါအဝင် မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

ထိုသို့မွေးမြူရာတွင်အသားတိုးကြက် ၂၉၀၃၀ ကောင်၊ ငါး ၅၅၀၀၀ ကောင်၊ ဆိတ် ၃၃၂၄ ကောင်၊ ဒေသကြက် ၁၃၃၇၆ ကောင်၊ ဥစားကြက် ၃၅၀၀ ကောင်၊ ဥစားဘဲ ၄၀၆၈ ကောင်၊ အသားတိုးဘဲ ၂၀၀၀ ကောင်၊ နို့စားနွား ၁၁၁ ကောင်၊ အသားတိုးနွား ၁၁၃ ကောင်၊ ဝက် ၃၅၄ ကောင် မွေးမြူထားခြင်းဖြစ်ကြောင်းသိရသည်။

 

ထိုသို့မွေးမြူထားသည့် ကြက်မွေးမြူရေးလုပ်ငန်းများမှ ယနေ့အထိ အသားတိုးကြက် ၇၂၈၀၀ ပိဿာ၊ ဘဲ ၃၄၀၅ ပိဿာ၊ ဘဲဥ ၁၃၈၉၃၀ လုံး၊ ကြက်ဥ ၈၆၃၃၈ လုံးနှင့် နွားနို့ ၁၂၇၀၀ ပိဿာ၊ အသားတိုးနွား ၃၂၀၀ ပိဿာနှင့် ဆိတ်သား ၅၅၀ ပိဿာတို့အား ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

 

#Local_News #တွံတေးမွေးမြူရေးဇုန် #ဆိတ်အပါအဝင် #YMG/ NN #Yangon-Times