#Local_News
Published 12 March 2024


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က ဂျပန်နိုင်ငံ၊ အီရှီကာဝါပြည်နယ်တွင် လှုပ်ခတ် ခဲ့သည့် ပြင်းအား ၇.၆ အဆင့်ရှိ မြေငလျင်ဒဏ် ခံစားခဲ့ရသည့် ပြည်သူများအတွက် မြန်မာအစိုးရမှ ဂျပန်ကြက်ခြေနီအသင်းသို့ အမေရိကန် ဒေါ်လာ ၁ သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့၊ နံနက်ပိုင်းတွင် တိုကျိုမြို့ရှိ ဂျပန်ကြက်ခြေနီအသင်းရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာအစိုးရ၏ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၁ သိန်းနှင့်ညီမျှသော ဂျပန်ယန်းငွေ ၁၄,၉၄၂,၀၀၀/- အား ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်မှ ဂျပန်ကြက်ခြေနီအသင်းဥက္ကဋ္ဌ Mr. Atsushi Seike ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

ဂျပန်နိုင်ငံ အီရှီကာဝါပြည်နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်သည် ထိခိုက်ပျက်စီးမှု များပြားသလို အသက်ဆုံးရှုံးမှုများလည်းရှိခဲ့ကြောင်း သိရသည်။

 

#Local_News #ဂျပန်ကြက်ခြေနီအသင်း #YMG/LW #Yangon_Times