Published 12 March 2024

အချို့သော အသီးအနှံများနဲ့ ဟင်းသီးဟင်းရွက်များ စားသုံးခြင်းက ကိုယ်အလေးချိန်ကျစေရန် အကူအညီဖြစ်စေပြီး ဗိုက်ပြည့်တင်းနေစေတယ်လို့ အာဟာရပညာရှင် အန်နီကွာဂိုဒတ်က ပြောပြသွားပါတယ်။

အမေရိကန်မှာ လူဦးရေ ၄၁ ရာခိုင်နှုန်းလောက်က အဝလွန်နေပြီး ဆီးချို၊ နှလုံးရောဂါ၊ ကင်ဆာရောဂါအချို့ စတဲ့ ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ပါတယ်။

ကိုယ်အလေးချိန် ကျစေရန် အကူအညီဖြစ်စေတဲ့ အသီးအရွက် ၄ မျိုးကို ပညာရှင်များက အကြံပြုလိုက်ပါတယ်။
 
(၁) တရုတ်နံနံ
တရုတ်နံနံမှာ ကယ်လိုရီမပါဝင်တာကြောင့် အစာခြေဖျက်ရင်း ကယ်လိုရီ ပိုမိုလောင်ကျွမ်းကာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တာကြောင့် ကင်ဆာများကို ကာကွယ်ပေးပါတယ်။
 
(၂) ပန်းသီး
ပန်းသီးက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် ဗိုက်ပြည့်ဝနေစေပါတယ်။
ဒါ့အပြင် ပပ်တင်ဓာတ်ကလည်း ခန္ဓာကိုယ်ကနေ အဆီစုပ်ယူမှုကို ထိန်းချုပ်ပေးပါတယ်။
 
(၃) ဘယ်ရီသီး
ဘယ်ရီမျိုးနွယ်အသီးတွေဟာ သကြားဓာတ်နည်းပါးပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ကိုယ်အလေးချိန်ချတဲ့နေရာမှာ အထောက်အကူ ဖြစ်စေပါတယ်။
 
(၄) ကစီမပါသောဟင်းရွက်များ
ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ သခွားသီးတို့ဟာ အမျှင်ဓာတ်နဲ့ ရေဓာတ်ကြွယ်ဝတာကြောင့် ပြည့်တင်းနေစေပါတယ်။
Source: New York Post.
#World_Health
#Published_ 12 March 2024
#YMG_News #Yangon_Times #Yangon_Media_Group