Published_11 March 2024

၂၀၂၃- ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာန၊ နိုင်ငံခြားစာစစ်ဌာနတို့တွင် ဖြေဆိုသူ စာရင်းသွင်းအရေအတွက်မှာ ခရိုင်ပေါင်း(၁၁၄)ခရိုင်၊ မြို့နယ် ပေါင်း(၂၈၅)မြို့နယ်၊ စာစစ်ဌာနပေါင်း (၇၉၄)ဌာန ၊စာရင်းရှိ ( ၁၄၆၅၂၃ ) ဦး အနက် လာရောက်ဖြေဆိုသူ ဦးရေမှာ (၁၂၈၈၀၁)ဦး ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

ယနေ့ မတ်လ ၁၁ ရက်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ များ ဝင်ရောက်ဖြေဆိုလျက်ရှိရာ ပထမနေ့ မြန်မာစာဘာသာရပ်ကို နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်(၈)မြို့နယ်ရှိ စာစစ်ဌာန ၄၇ ခု၌ စာရင်းရှိ ကျောင်းသား ၃၇၅၀ ဦး၊ ကျောင်းသူ ၄၉၂၆ ဦး၊ စုစုပေါင်း ၈၆၇၆ ဦး ရှိသည့်အထဲမှ ကျောင်းသား ၃၆၁၅ ဦး၊ ကျောင်းသူ ၄၈၁၃ ဦး၊ စုစုပေါင်း ၈၄၂၈ ဦး ဝင်ရောက်ဖြေ ဆိုကြောင်း သိရသည်။

အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ တွင်လည်း တက္က သိုလ် ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ အပါ အဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ ဖြေဆို ရာခိုင်နှုန်းမှာ (၈၇ ဒသမ ၉၀ ရာခိုင်နှုန်း ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေး ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် မြန်မာစာ ဘာသာရပ်ကို စတင်ဖြေဆိုပြီး မတလ် ၁၂ ရက် အင်္ဂါနေ့တွင် အင်္ဂလိပ်စာဘာသာရပ်၊ မတ်လ ၁၃ ရက် ဗုဒ္ဓဟူးနေ့တွင် သင်္ချာဘာသာရပ်၊ မတ် လ ၁၄ ရက် ကြာသပတေးနေ့တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်၊ မတ်လ ၁၅ ရက် သော ကြာနေ့တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်၊ မတ်လ ၁၆ ရက် စနေနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆိုကြရ မည်ဖြစ်၍ မတလ် ၁၇ ရက် တနင်္ဂနွေနေ့ကို ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရသည်။

ယင်းနောက် မတ်လ ၁၈ ရက် တနင်္လာနေ့တွင် လူမှုရေးသိပ္ပံဘာသာရပ်၊ မတ်လ ၁၉ ရက် အင်္ဂါနေ့တွင် စိတ်ကြိုက်မြန်မာစာ စသည်ဖြင့် အသီးသီးဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group