Published_ 7 March 2024
      
ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ နှင့် ဆေးဝါးများအား ဈေးနှုန်းမြှင့်တင်ခြင်း၊ဈေးကစားရန်သို‌လှောင်ခြင်းပြုလုပ်လျှင် အများဆုံးထောင်ဒဏ် ၃ နှစ်အထိချနိုင်ကြောင်း   စီး ပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက  သတိပေးလိုက်သည်။

အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားသည့်  Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ဆေးဝါးများကိုဈေးနှုန်းမြှင့်တင်ခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုကြရန် ယမန်နေ့ကသတိပေးလိုက်ခြင်းဖြစ်သည်။

အဆိုပါအရေးကြီးကုန်စည်များကိုဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်းသို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းဆောင်ရွက်ကြောင်းစိစစ်တွေ့ရှိရပါကအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နှင့်အညီပြစ်မှုကြောင်းအရအရေးယူခြင်းခံရမည် ဖြစ်ကြောင်း၊အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ သတ်မှတ်ချက်တွင် အရေးကြီးကုန်စည်များနှင့် ပတ်သက်၍အမိန့်တစ်ရပ်ရပ်ကိုဖောက်ဖျက်ကြောင်းပြစ်မှုထင်ရှားစီရင်ခံရပါက ထိုသူအားအနည်းဆုံးထောင်ဒဏ် ၆ လမှ အများဆုံးထောင်ဒဏ် ၃ နှစ်အထိချမှတ်နိုင်ပြီးကျပ် ၅ သိန်းထက် မပိုသောငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားကြောင်းသိရသည်။

အထက်ပါ ပစ္စည်းများကိုအရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရထုတ်ပြန်ခဲ့သော ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၁/၂၀၂၀)ဖြင့်  အရေးကြီးကုန်စည်များအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပြီးယင်းအမိန့်ကြော်ငြာစာ၏ အပိုဒ် ၂ တွင် အဆိုပါအရေးကြီးကုန်စည်များကိုဈေးကွက် အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်းသို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုရန် တားမြစ်ထားခြင်းဖြစ်ကြောင်း  သိရသည်။
Yangon Times/NN
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group